Connect with us

Hi, what are you looking for?

သတင်း

နယ်ကျွံလာသည့် စစ်ကောင်စီတပ်သားကို ကျောက်ထု PDF ပစ်ခတ်၊ လက်နက်ရရှိ

ဖြစ်စဥ်အရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆နာရီ ၁၅ မိနစ်ခန့်တွင် ခလရ (၂၇၄)တပ်ရင်းမှ ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း (၈) ကင်းပုန်းဝပ်နေသော နေရာသို့ နယ်ကျွံလာခဲ့ခြင်းဟု ဆိုသည်။

(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရရှိခဲ့သည့် MA 1 သေနတ် နှင့်ကျည် ၊ဓာတ်ပုံ - နိုင်တမ်း)
(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရရှိခဲ့သည့် MA 1 သေနတ် နှင့်ကျည် ၊ဓာတ်ပုံ - နိုင်တမ်း)

ကင်းပုန်းဝတ်နေသောနေရာသို့ နယ်ကျွံလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး (MA – 1)လက်နက်တစ်လက်ပါရရှိကြောင်း ကျောက်ထု PDF (YRPA) တာဝန်ရှိသူက ပြောသည်။

ဖြစ်စဥ်အရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆နာရီ ၁၅ မိနစ်ခန့်တွင် ခလရ (၂၇၄)တပ်ရင်းမှ ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း (၈) ကင်းပုန်းဝပ်နေသော နေရာသို့ နယ်ကျွံလာခဲ့ခြင်းဟု ဆိုသည်။

ထို့ကြောင့် ၎င်းကိုအသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး (MA – 1)လက်နက်တစ်လက်ရရှိကြောင်း အသိပေးသည်။

“အရက်အလွန်အကျွံသောက်ထားပုံရတယ်။ဘာကြောင့် ကျွံလာလဲတော့ မသိဘူး။သေနတ်ပါလာတော့ အန္တရယ်ကြောင့် အသေပဲပစ်ခတ်လိုက် တယ်”ဟု ကျောက်ထုPDF ( YRPA )တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီရက်ပိုင်းကလည်း ဆောမြို့နယ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဂန့်ဂေါခရိုင်တပ်ရင်း (၈/၉ )၊ ဆောPDF တပ်ရင်း(၂) (YRPA)နှင့် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

သုံးရက်​တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းလည်း YRPA က ဆိိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။