Connect with us

Hi, what are you looking for?

သတင်း

အဆုံးစီရင်ဖို့ ခုန်ချတဲ့ကျောင်းသူကို လိုက်လံကယ်ဆယ်တဲ့ ဆရာပါပြုတ်ကျပြီး ၂ ဦး လုံးသေဆုံး

ဒီဖြစ်စဉ်ကို နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ထုံးဖိုမြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ − ဆိုရှယ်မီဒီယာ
ဓာတ်ပုံ − ဆိုရှယ်မီဒီယာ

နေပြည်တော် ၊ ပုဗ္ဗသီရိမြိုနယ်ရှိ ကိုယ်ပိုင်ကျောင်းမှာ ကိုးတန်းကျောင်းသူ ကျောင်းဆောင်ပေါ်က ခုန်ချရာမှာ လိုက်လံဖျောင်းဖျတဲ့ ဆရာပါ ပြုတ်ကျပြီး ၂ ဦးလုံးသေဆုံးခဲ့ရတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေထံသိရပါတယ်။

မြေပြင်ကနေ ပေ ၅၀ ခန့်မြင့်တဲ့ ၄ ထပ်ကျောင်းဆောင်ပေါ်ကနေ မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ကျောင်းသူဟာ ခုန်ချခဲ့တာပါ။

ခုန်ချဖို့လုပ်နေချိန် မြင်တွေ့သူအားလုံးက တားမြစ်သလို ကျောင်းဆရာကလည်း လိုက်လံဖျောင်းဖျပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ဒါပေမယ့် ကျောင်းသူက ခုန်ချရာမှာ ကယ်ဆယ်ဖို့လိုက်ဆွဲတဲ့ အဲဒီဆရာပါ ပြုတ်ကျပြီး ၂ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားတဲ့ ကျောင်းသူဟာ အသက် ၁၆ နှစ်အရွယ်ရှိပါပြီ ။

ကယ်ဆယ်ဖို့ကြိုးပမ်းရင်းပြုတ်ကျသေဆုံးတဲ့ဆရာက အသက် ၂၃ နှစ်လို့စုံစမ်းသိရပါတယ်။

ခုန်ချသွားတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲပါ။

ဒီဖြစ်စဉ်ကို နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ထုံးဖိုမြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။