Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အဆုံးစီရင်ဖို့ ခုန်ချတဲ့ကျောင်းသူကို လိုက်လံကယ်ဆယ်တဲ့ ဆရာပါပြုတ်ကျပြီး ၂ ဦး လုံးသေဆုံး

ဒီဖြစ်စဉ်ကို နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ထုံးဖိုမြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ − ဆိုရှယ်မီဒီယာ
ဓာတ်ပုံ − ဆိုရှယ်မီဒီယာ

နေပြည်တော် ၊ ပုဗ္ဗသီရိမြိုနယ်ရှိ ကိုယ်ပိုင်ကျောင်းမှာ ကိုးတန်းကျောင်းသူ ကျောင်းဆောင်ပေါ်က ခုန်ချရာမှာ လိုက်လံဖျောင်းဖျတဲ့ ဆရာပါ ပြုတ်ကျပြီး ၂ ဦးလုံးသေဆုံးခဲ့ရတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေထံသိရပါတယ်။

မြေပြင်ကနေ ပေ ၅၀ ခန့်မြင့်တဲ့ ၄ ထပ်ကျောင်းဆောင်ပေါ်ကနေ မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ကျောင်းသူဟာ ခုန်ချခဲ့တာပါ။

ခုန်ချဖို့လုပ်နေချိန် မြင်တွေ့သူအားလုံးက တားမြစ်သလို ကျောင်းဆရာကလည်း လိုက်လံဖျောင်းဖျပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ဒါပေမယ့် ကျောင်းသူက ခုန်ချရာမှာ ကယ်ဆယ်ဖို့လိုက်ဆွဲတဲ့ အဲဒီဆရာပါ ပြုတ်ကျပြီး ၂ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသူဟာ အသက် ၁၆ နှစ်အရွယ်ရှိပါပြီ ။

ကယ်ဆယ်ဖို့ကြိုးပမ်းရင်းပြုတ်ကျသေဆုံးတဲ့ဆရာက အသက် ၂၃ နှစ်လို့စုံစမ်းသိရပါတယ်။

ခုန်ချသွားတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲပါ။

ဒီဖြစ်စဉ်ကို နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ထုံးဖိုမြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတယ်လို့သိရပါတယ်။