Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်အေးမြို့ကို လေကြောင်းကနေတိုက်ခိုက်မှုရှိလာနိုင်လို့ မြို့ခံတွေတိမ်းရှောင်နေကြ

မြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ပြုလုပ်လာနိုင်တဲ့အတွက် နီးစပ်ရာကျေးရွာ တွေဆီ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ရွှေပြည်အေးမြို့ကို လေကြောင်းကနေတိုက်ခိုက်မှုရှိလာနိုင်လို့ မြို့ခံတွေတိမ်းရှောင်နေကြ
ရွှေပြည်အေးမြို့ကို လေကြောင်းကနေတိုက်ခိုက်မှုရှိလာနိုင်လို့ မြို့ခံတွေတိမ်းရှောင်နေကြ

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ဘေးက ရွှေပြည်အေးမြို့ကို PDF တပ်တွေ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်လို့ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ပြုလုပ်လာနိုင်တဲ့အတွက် နီးစပ်ရာကျေးရွာ တွေဆီ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်က ရွှေပြည်အေးမြို့ကို ထိန်းလိုက်ပြီးနောက် တစ်ရက်အကြာမှာပဲ ဒေသခံတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ မြို့ကို စွန့်ခွာတာရှိတယ်လို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) က တာဝန်ခံကပြောပါတယ်။

“မြို့မှာ ဘယ်သူမှမရှိကြတော့ဘူး၊ဝန်ထမ်းတွေအားလုံးလည်း သူတို့(စစ်ကောင်စီ )ကယ်ထုတ်သွားတယ်၊ဒါကိုတော့ ကျွန်တော်တို့အနှောက်အယှက်မပေးဘူး” လို့ HPDF တာဝန်ခံကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိလာနိုင်လို့ ကြိုတင်ပြင်ဆင်မှုတော့လုပ်ထားပါတယ်” လို့ HPDF က တာဝန်ခံက ပြောပါတယ်။

ရွှေပြည်အေး မြို့ရဲ့ ၉၀ရာခိုင်နှုန်းကို လက်ရှိအချိန်ထိ PDFတွေ ထိန်းထားနိုင်ဆဲလို့သိရပါတယ်။

ရွှေပြည်အေးမြို့ဟာ စစ်ကောင်စီရဲ့ ချင်းတွင်းမြစ် မြစ်ကြောင်းပိုင်းထောက်ပို့လမ်းကြောင်းမှာ အဓိကကျနေတဲ့အတွက် ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ HPDF ထံကသိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ဟာ ယခင်စစ်အစိုးရလက်ထက် ရွာကြီး အဆင့်ကနေ မြို့သစ်တည်ပေးခဲ့တာဖြစ်ပြီး အကျယ်အဝန်း ၃.၉၆ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။

၂၀၁၉ ခုနှစ် ထွေအုပ်ရဲ့ စာရင်းတွေအရ ရွှေပြည်အေးမြို့ဟာ လူဦးရေ ၂,၅၀၀ ကျော်နေထိုင်တယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့် ၊မိုးညှင်း ၊အနောက်ဘက်မှာ ချင်းပြည်နယ် တမူးမြို့တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။