Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သတ်ဖြတ်၍ဇန်နဝါရီလတွင်ကလေးငယ် ၁၀ဦး အပါအဝင် အရပ်သား ၁၁၀ ကျော်အသက်ဆုံးရှုံးရဟု NUG တရားရေး ထုတ်ပြန်

ဇန်နဝါရီလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၁၁၅ဦး အသက်ဆုံးရှုံးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၈၀ ဦး ပါဝင်သည်ဟုဆိုသည်။

(​ဖေ​ဖော်ဝါရီ ၂ ရက်က စစ်​ကောင်စီတပ် ကပစ်ခတ်၍ အိမ်တွင်စာသင်​​နေရင်းကျဘ်ထိမှန်​သေဆုံးခဲ့​သော စစ်ကိုင်းမြို့နယ်၊တံတားဦး​ကျေးရွာမှ အသက် ၆ နှစ်အရွယ်က​လေးငယ်။ ။ဓါတ်ပုံ-CJ)
(​ဖေ​ဖော်ဝါရီ ၂ ရက်က စစ်​ကောင်စီတပ် ကပစ်ခတ်၍ အိမ်တွင်စာသင်​​နေရင်းကျဘ်ထိမှန်​သေဆုံးခဲ့​သော စစ်ကိုင်းမြို့နယ်၊တံတားဦး​ကျေးရွာမှ အသက် ၆ နှစ်အရွယ်က​လေးငယ်။ ။ဓါတ်ပုံ-CJ)

▪︎ ပြည်သူလူထုနေအိမ် ငါးထောင်ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ဇန်နဝါရီ လအတွင်း ကလေးငယ် ၁၀ဦး အပါအဝင် ပြည်သူ ၁၁၆ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနကပထမဆုံးအကြိမ် ထုတ်ပြန်သည်။

တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖြစ်ပွားနေသည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်အမှုများ၊လူမျိုးတုံးသတ် ဖြတ်မှုများ၊ အပါအဝင် အရပ်ရပ်သော ဥပဒေဆိုင်ရာ ချိုးဖောက်မှုများကို စာရင်းကောက်ယူ မှတ်တမ်းပြုစုလျက်ရှိကြောင်း ဖော်ပြသည်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၁၁၅ဦး အသက်ဆုံးရှုံးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၈၀ ဦး ပါဝင်သည်ဟုဆိုသည်။

ထို့အပြင်ဇန်နဝါရီလအတွင်းစစ်ကောင်စီတပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၇ဦး၊ စစ်ကောင်စီတပ်မတရားဖမ်းဆီးခဲ့သည့် အရပ်သား ပြည်သူ ၉၅ ဦးထက်မနည်းရှိခဲ့ကြောင်း လည်းအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်​ဖေ​ဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ တံတားဦးကျေးရွာသို့ ဝင်ရောက်မွှေနှောက်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အိမ်တွင် ကျူရှင်တက်၍ပညာသင်နေသော (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ခါးတွင် ကျည်ထိမှန် သေဆုံးခဲ့ကြောင်း​ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဇန်နဝါရီလအတွင်း အိမ်ခြေ ၅၀၇၉လုံး ပျက်စီးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၄၇၀၀ ကျော် ပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၂၀၀ ကျော်ပါဝင်သည်ဟု ဖော်ပြသည်။

တရားရေးဝန်ကြီးဌာနအနေဖြင့်စစ်ကောင်စီတပ်၏ ကျူးလွန်မှုများ၊ ချိုးဖောက်မှုများအပေါ် အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊ တရားမျှတမှု ရရှိအောင်ဆောင်ရွက်ခြင်း၊ ပြန်လည်ကုစားပေးခြင်း၊ ဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေရေးအတွက် အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်စီမံလျက်ရှိသည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းဖြစ်စဉ်အတွင်း ဖြစ်ပွားနေသည့် ပြစ်မှု ကျူးလွန်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သတင်းအချက်အလက် မှတ်တမ်းများ ပေးပို့ကြရန်နှင့် ပူးပေါင်းပါဝင်ပေးကြရန် တရားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။

တရား​ရေးဝန်ကြီးဌာနအ​နေဖြင့်စစ်ကာင်စီတပ်ကျူးလွန်​နေ​သောစစ်ရာဇဝတ်မှုများကိုစနစ်တကျမှတ်တမ်းပြုစု၍ တရားစွဲဆိုနိုင်​ရေးအတွက် ကြိုးပမ်း​ပေရန် ပြည်သူတစ်ဦးကလည်း​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။