Connect with us

Hi, what are you looking for?

သတင်း

လမိုင်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့သော ဗိုလ်ကြီးမှာ ခမရ(၅၄၅)မှဟု ရေးပြောက်ကျားတပ် အသိပေး

ဖမ်းဆီးရမိသောဗိုလ်ကြီးအဆင့်ရှိသူအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးမြတ်သူ ဖြစ်ကြောင်း YGF က အသိပေးသည်။

(ဗိုလ်ကြီးမြတ်သူတို့အဖွဲ့ စီးနင်းလာသောယာဉ်အား တွေ့ရစဉ်)
(ဗိုလ်ကြီးမြတ်သူတို့အဖွဲ့ စီးနင်းလာသောယာဉ်အား တွေ့ရစဉ်)

လမိုင်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်​၏ ဗိုလ်ကြီးမှာ ကရင်ပြည်နယ်အခြေစိုက် ခမရ (၅၄၅)တပ်ရင်းမှဖြစ်ပြီး ၎င်းနှင့်အတူ လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရရှိကြောင်း YGF -ရေးပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၄ရက်က မွန်ပြည်နယ်၊လမိုင်းမြို့နယ်ခွဲ ကနင်ကမော့ နှင့်အောင်သာယာကျေးရွာကြား၌ သတင်းအရစောင့်ဆိုင်းရာမှ ရေးမှ မော်လမြိုင်မြို့သို့ အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာသော Mark 2-ရွှေငါးအဖြူရောင် ယာဥ်ပေါ်မှစစ်ကောင်စီတပ် သားငါးဦးကို YGF မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့နောက် ကားမှာလမ်းဘေးမြောင်းထဲသို့ထိုးကျသွားပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်ငါးဦးမှာ ထွက်ပြေးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသောဗိုလ်ကြီးအဆင့်ရှိသူအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးမြတ်သူ ဖြစ်ကြောင်း YGF က အသိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် ကရင်ပြည်နယ်အခြေစိုက်တပ်သားများ ကို မွန်ပြည်နယ်အတွင်း ပစ်ခတ်ဖမ်းဆီးနိုင်မှု အသေးစိတ်ကိုမူ YGF တာဝန်ရှိသူထံ မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိပေ။

ထို့ကြောင့် YGF – ရေးပြောက်ကျားတပ်ဖွဲ့မှသက်ဆိုင်ရာ{ ERO } ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။