Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လမိုင်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့သော ဗိုလ်ကြီးမှာ ခမရ(၅၄၅)မှဟု ရေးပြောက်ကျားတပ် အသိပေး

ဖမ်းဆီးရမိသောဗိုလ်ကြီးအဆင့်ရှိသူအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးမြတ်သူ ဖြစ်ကြောင်း YGF က အသိပေးသည်။

(ဗိုလ်ကြီးမြတ်သူတို့အဖွဲ့ စီးနင်းလာသောယာဉ်အား တွေ့ရစဉ်)
(ဗိုလ်ကြီးမြတ်သူတို့အဖွဲ့ စီးနင်းလာသောယာဉ်အား တွေ့ရစဉ်)

လမိုင်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်​၏ ဗိုလ်ကြီးမှာ ကရင်ပြည်နယ်အခြေစိုက် ခမရ (၅၄၅)တပ်ရင်းမှဖြစ်ပြီး ၎င်းနှင့်အတူ လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရရှိကြောင်း YGF -ရေးပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၄ရက်က မွန်ပြည်နယ်၊လမိုင်းမြို့နယ်ခွဲ ကနင်ကမော့ နှင့်အောင်သာယာကျေးရွာကြား၌ သတင်းအရစောင့်ဆိုင်းရာမှ ရေးမှ မော်လမြိုင်မြို့သို့ အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာသော Mark 2-ရွှေငါးအဖြူရောင် ယာဥ်ပေါ်မှစစ်ကောင်စီတပ် သားငါးဦးကို YGF မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့နောက် ကားမှာလမ်းဘေးမြောင်းထဲသို့ထိုးကျသွားပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်ငါးဦးမှာ ထွက်ပြေးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိသောဗိုလ်ကြီးအဆင့်ရှိသူအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးမြတ်သူ ဖြစ်ကြောင်း YGF က အသိပေးသည်။

Public Service Announcement

Public Service Announcement

သို့သော် ကရင်ပြည်နယ်အခြေစိုက်တပ်သားများ ကို မွန်ပြည်နယ်အတွင်း ပစ်ခတ်ဖမ်းဆီးနိုင်မှု အသေးစိတ်ကိုမူ YGF တာဝန်ရှိသူထံ မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိပေ။

ထို့ကြောင့် YGF – ရေးပြောက်ကျားတပ်ဖွဲ့မှသက်ဆိုင်ရာ{ ERO } ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။