Connect with us

Hi, what are you looking for?

သတင်း

လမိုင်းမြို့နယ် နှစ်ကရင်ရွာရှိ စစ်ကောင်စီရဲစခန်းအား ရေးပြောက်ကျားတပ်ဖွဲ့ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီး

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေ‌ဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။

(ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှ ရဲဘောလ်များအား တွေ့ရစဥ်)
(ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှ ရဲဘောလ်များအား တွေ့ရစဥ်)

မွန်ပြည်နယ် လမိုင်းမြို့နယ် နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းအား ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ -YGFက ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၁ရက်) နံနက် ၁နာရီခန့်က နှစ်ကရင်ကျေးရွာရဲစခန်းအား ဝင်ရောက်စီးနင်းစဥ် စစ်ကောင်စီလက်ပါးစေ ရဲများထွက်ပြေးခဲ့သဖြင့် စခန်းအတွင်းရှိ ပစ္စည်းများနှင့် အဆောက်အဦးကိုသာ ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယနေ့နံနက် ၆ နာရီခွဲတွင် ကြိုးတံတားရွာရှိ စစ်ကောင်စီ၏ စခန်းကို YGFက လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ခမရ(၅၈၈) တပ်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ကူပေးခဲ့သဖြင့် (YGF)မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေ‌ဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တော်လှန်နှစ်သစ်မှာ မစ်ရှင်လေးကြိမ်အောင်မြင်ပြီးစီးတယ်။နှစ်သစ်လက်ဆောင်တွေ အများကြီးလာအုံးမယ်”ဟု YGF တပ်ဖွဲ့မှတာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။

ထို့အပြင် CDM ပြုလုပ်ထားသူများနှင့် တော်လှန်ရေးရဲဘော်များကို အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ဇန်နဝါရီ ၉ ရက်က YGFက ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။