Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးဘက်က နယ်မြေတိုးချဲ့ရရှိလာသည်နှင့်အမျှ အုပ်ချုပ်ရေးကဏ္ဍ အသင့်တည်ထောင်နိုင်ရန် လုပ်ဆောင်နေဟု NUG ပြည်ထဲရေးဝန်ကြီး ပြော

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ရက်)က ပြုလုပ်သည့် Global Town Hall Meeting ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု အစီအစဉ်တွင် ဝန်ကြီးက ထိုသို့ ပြောပြသည်။

NUG ဝန်ကြီးချုပ် PDF စခန်းတစ်ခုအား ၂၀၂၂ ဇွန်လပိုင်းက သွားရောက်စစ်ဆေးနေစဉ်၊ ဓာတ်ပုံ - Lwin Ko Latt/FB
NUG ဝန်ကြီးချုပ် PDF စခန်းတစ်ခုအား ၂၀၂၂ ဇွန်လပိုင်းက သွားရောက်စစ်ဆေးနေစဉ်၊ ဓာတ်ပုံ - Lwin Ko Latt/FB

▪️တိုင်းဒေသကြီးကို ဦးစားပေးအုပ်ချုပ်မှုထူထောင်နေပြီး မြို့နယ် ၁၆၀နီးပါး၌ အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထား

စစ်ရေးကဏ္ဍဘက်က နယ်မြေတိုးချဲ့ရရှိလာသည်နှင့်အမျှအုပ်ချုပ်ရေး ကဏ္ဍကအဆင်သင့် အုပ်ချုပ်မှုကို တည်ထောင်နိုင်အောင် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ရက်)က ပြုလုပ်သည့် Global Town Hall Meeting ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု အစီအစဉ်တွင် ဝန်ကြီးက ထိုသို့ ပြောပြသည်။

“အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လုပ်တဲ့အခါ တိုင်းရင်းသားတွေနဲ့ ချိတ်ဆက်နေတဲ့ ဒေသတွေကအစ တိုင်းရင်းသားတွေရဲ့ သဘောထားအပေါ်မှာ အခြေခံပြီး ဆောင်ရွက်ဖို့ပေါ့။ နောင်တချိန် ဖက်ဒရယ်နိုင်ငံကို အမှန်တကယ် တည်ဆောက်ချင်တယ်ဆိုရင် အခုကတည်းက တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို အလေးထား တန်ဖိုးထားပြီး ဆောင်ရွက်ဖို့ ဆိုပြီး အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ကျနော်တို့ ဝန်ကြီးဌာနတွေကို အမြဲတမ်းညွှန်ကြားမှုရှိပါတယ်”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

Public Service Announcement
Public Service Announcement

အုပ်ချုပ်ကဏ္ဍကို ဖော်ဆောင်ရာတွင် ကြားကာလ အုပ်ချုပ်မှုဖော်ဆောင်ရေးကော်မတီ ကို ဖွဲ့စည်းပြီး ဆောင်ရွက်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် NUCCက ချမှတ်သည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ရကြောင်း၊ ထို့ပြင် တိုင်းရင်းသားဒေသများ၌ ဖွဲ့စည်းထားသည့် အတိုင်ပင်ခံကောင်စီများဖြင့် ထိတွေ့ဆောင်ရွက်ကြောင်း ပြောပြသည်။ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ လွှတ်တော်ကိုယ်စားပြု ကော်မတီ များနှင့်လည်း လစဉ်ညှိနှိုင်းကြောင်း ဝန်ကြီးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ညှိနှိုင်းရာ၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စ၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများကို အဓိကပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“အထူးသဖြင့် တိုင်းဒေသကြီးကို ဦးစားပေးပြီးတော့ အုပ်ချုပ်မှု ထူထောင်နေတာရှိပါတယ်။ တိုင်းဒေသကြီးတွေ အားလုံးမှာတော့ လက်တလော အခြေအနေမှာ ၁၅၈မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီးပြီဖြစ်ပါတယ်။”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ထိုသို့ ဖွဲ့စည်းရာ၌ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသများ၌ ၇၀ ရာခိုင်နှုန်း ထိန်းချုပ် ထားနိုင်သည့်မြို့ပေါင်း ၇၃ မြို့ရှိကြောင်း ၎င်းက ဆိုသည်။

ကျန်သည့် မြို့များ၌လည်း နယ်မြေတိုးချုဲ့မှုလုပ်ဆောင်ရန် ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“စစ်ရေးကဏ္ဍဘက်က နယ်မြေ တိုးချဲ့ရရှိလာတာနဲ့အမျှ အုပ်ချုပ်ရေး ကဏ္ဍက အဆင်သင့် အုပ်ချုပ်မှုကို တည်ထောင်နိုင်အောင် သက်ဆိုင်ရာဒေသခံတွေကို တက်နိုင်သလောက် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားနေတာရှိပါတယ်။ လက်ရှိ နောက်ဆုံးအခြေအနေမှာ တရားရုံးတွေကို တည်ဆောက်ပြီး တရားစီရင်တဲ့အဆင့်တွေအထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ထို့အတူ အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းများကို စစ်ကိုင်းနှင့် မကွေးတိုင်း၌ ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ပြီဖြစ်သည်ဟု ဆိုသည်။

ကောက်ခံရရှိသည့် ဘဏ္ဍာရန်ပုံငွေကို အချိုးကျ ခွဲဝေ သုံးစွဲကြောင်း၊ ၄၀ရာခိုင်နှုန်းကို ပကဖနှင့် PDFများအတွက် ပြန်လည်ခွဲဝေသုံးစွဲကြောင်း၊ ၃၀ ရာခိုင်နှုန်းကို သက်ဆိုင်ရာမြို့နယ်၏ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)ကဏ္ဍက ခွဲဝေသုံးစွဲပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ပြည်ထောင်စုက ခွဲဝေကြောင်း၊ ပြည်ထောင်စုက ခွဲဝေသုံးစွဲသည့် ဘဏ္ဍာငွေကို အခွန်ရရှိမှုမရှိသည့် မြို့နယ်များ၌ သုံးစွဲခြင်းရှိကြောင်း ဦးလွင်ကိုလတ်က ပြောပြသည်။

နယ်မြေထိန်းချုပ်နိုင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး တိုင်းရင်းသားများနှင့် လစဉ် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။ တစ်နှစ်တာ စီမံချက်အရ ထူးခြားသည့်အုပ်ချုပ်မှု ဖော်ဆောင်ရေးကိစ္စများ မကြာမီ ပေါ်ပေါက်လာနိုင်ရန်ရှိသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook