Connect with us

Hi, what are you looking for?

သတင်း

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထား​သောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများ​ဖော်ထုတ်၍ နွေဦး​တော်လှန်​ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချ​ပေးနေခြင်းဖြစ်သည်။

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

▪︎ရောင်းချပြီး​သောအခန်း၆၅၀၀ စာရင်းသွင်းပြီးလျှင်ကျန်အခန်းများဆက်​ရောင်း​ပေးမည်ဟုအသိ​ပေး

NUGက ရောင်းချ​နေသည့် “နွေဦးစံရိပ်ငြိမ်”တန်ဖိုးသင့် တိုက်ခန်းများကိုဖေဖော်ဝါရီ၁၁ ရက်က စတင်ရောင်းချ​နေရာကြိုတင်ငွေ​ပေးသွင်း၍အခန်းဝယ်ယူထားသူ ၆၅၀၀ရှိ​ကြောင်း NUG ရန်ပုံငွေရှာဖွေရေးအဖွဲ့ဖြစ်သည့် အာဏာရှင်နိဂုံး-The End of Dictatorship (EOD)ကယနေ့ ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ရှိ သုံးမြို့နယ်တွင် စစ်တပ်သိမ်းယူထား​သောမြေနေရာများကိုတန်ဖိုးသင့်အိမ်ရာအခန်းများ​ဖော်ထုတ်၍ နွေဦး​တော်လှန်​ရေးရန်ပုံငွေအတွက် ကြိုပွိုင့်စနစ်ဖြင့်EOD ကရောင်းချ​ပေးနေခြင်းဖြစ်သည်။

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

မူလက ထိုနေရာသုံးခုမှ တိုက်ခန်းပေါင်း ၂၅၀၀ ခန့်​ရောင်းချရန်​ကြေညာခဲ့ရာမှ ၊ဝယ်ယူလိုသူများလွန်း​သော​ကြောင့်ထပ်တိုး၍ အခန်း ၁၀၀၀၀ ရောင်း​ပေးခြင်းဖြစ်သည်။​ဖေ​ဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီမှစတင်​ရောင်းချရာတွင် ကြိုတင်အမှာဖြင့်ဝယ်ယူသွား​သော အခန်းပေါင်း ၆၅၀၀ ​ရှိ​နေဖြစ်​ကြောင်း EODအဖွဲ့ကယ​နေ့ (​ဖေ​ဖော်ဝါရီ ၁၂)အသိ​ပေးသည်။

” EOD ကိုယ်စားလှယ်များထံမှာ ကြိုတင်ငွေပေးသွင်းထားသူ ၆၅၀၀ အတွက် စာရင်းတင်နေကြပြီ ဖြစ်ပါတယ်။ အခုထိ ၅၀၀၀ ကျော် စာရင်းသွင်းပြီး ပါပြီ။ အရေအတွက်များလွန်းတာကြောင့် ရက်ခွဲပြီး စာရင်းသွင်းရ၊ အချက်အလက်တွေ ပြန်စစ်ဆေး နေရတာကို သည်းခံ စောင့်စားကြစေလိုပါတယ်”ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

ထို​ကြောင့်အခန်း ၆၅၀၀ အတွက်စာရင်းသွင်းပြီးပါက ကျန် အခန်း ၃၅၀၀ ကိုဆက်​ရောင်း​ပေးမည်ဟုဆိုသည်။

“ငွေလက်ခံရထားတဲ့ သူတွေကို စာရင်းသွင်းပြီးအတည်ပြုစာတွေပို့နေတာပါ။ ဒါတွေပြီးမှာ အခန်းသစ်တွေ ထပ်ရောင်းမှာပါ”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကPeople’s Spring သို့ပြောသည်။

အဆိုပါတိုက်ခန်းများ၏ တန်ဖိုးမှာ ဒေါ်လာ ၄၄၀၀မှ ဒေါ်လာ ၁၁,၄၀၀ အထိဖြစ်ပြီးဝယ်ယူရာတွင် သတ်မှတ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို တော်လှန်ရေးကာလအတွင်း ၁၂ကြိမ်ခွဲပေးရမည်ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးအပြီးတွင် အရစ်ကျဆက်လက်ပေးသွင်းရမည်ဖြစ်သည်။

NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်
NUGက ရောင်းချသည့်တန်ဖိုးသင့်တိုက်ခန်းကြိုတင်အမှာဖြင့် အခန်း၆၅၀၀ခန်းရောင်းကုန်

နွေဦးစံရိပ်မွန် အိမ်ယာများတွင်လှိုင်သာယာ၊ဘုရင့်နောင် တံတားအဆင်းဘယ်ဘက်ရှိ စစ်ကောင်စီတပ်ပိုင်မြေဧက ၂၀၀၊ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂) လမ်းမကြီးဘေးရှိ စစ်ကောင်စီ တပ်ရင်း ၃ မြေနေရာ နှင့် မင်္ဂလာဒုံ၊လေဆိပ်လမ်းဆုံအကျော် သီရိမင်္ဂလာလမ်းအတွင်းရှိစစ်ကောင်စီ တပ်ပိုင်မြေ ၈၀တွင် အိမ်ရာများအကွက်​ဖော်​ရောင်းချနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ