Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း

စောအယ်ခွီးနှင့် ၎င်းနောက်ကွယ်၌ရှိသည့် အုပ်စုများသည် ရည်ရွယ်ချက်ရှိရှိဖြင့် KNLA ၄အား အမျိုးမျိုး စွပ်စွဲ တိုက်ခိုက်သော်လည်း တပ်မဟာ(၄)ဘက်က မည်သည့်အခါမှ ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ဟုဆိုသည်။

ကရင်အချင်းချင်းသွေးထွက်သံယိုဖြစ်စေသော ရည်ရွယ်ချက်ဖြင့်ရန်တိုက်ပေးသည့်အပြင် ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသော ဝါဒဖြန့်မှုကို တနင်္သာရီတိုင်း (Kaw Thoo Lei ARMY Special Forces-1 Page )မှ လုပ်ဆောင်နေပြီး မည်သူလုပ်သည်ကို ဆန်းစစ်ရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဌာနချုပ်က ယနေ့ထုတ်ပြန် သည်။

ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း
ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း

KNUလက်အောက်ခံတပ်ဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်အဖြစ်မှ အနားပေးခံရပြီးအဖွဲ့မှ ထုတ်ပယ်ခံရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ လက်အောက်တွင် တာဝန်ထမ်းဆောင် နေသော စောအယ်ခွီးခေါ် ဗိုလ်ကော်လာဖိုးအဖွဲ့နှင့် KNLA တပ်မဟာ (၄)အကြား ပစ်ခတ်မှု၊ အငြင်းပွားမှုဖြစ်ပေါ်ခဲ့ခြင်းနောက်ဆက်တွဲ အခြေအနေများကို KNLA ဌာနချုပ်က ရှင်းလင်းထားသည်။ ဗိုလ်ကော်လာဖိုးသည် စစ်အစိုးရထံ လက်နက်နှစ်ကြိမ်ချပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် ထပ်မံပေါ်ပေါက်လာကာ KNUက ထုတ်ပယ်လိုက်သည့် ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်၌ တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

အဆိုပါ ဗိုလ်ကော်လာဖိုးအဖွဲ့က KNLA တပ်မဟာ(၄)ကို စစ်ကောင်စီနှင့် ပူးပေါင်းနေသည်ဟု စွပ်စွဲချက်များ ရှိခဲ့သည့်အပြင် ဒေသတွင်း PDFများကို လိမ်လည်စည်းရုံးနေသည်ဟု စွပ်စွဲထားသည်။ ယင်းစွပ်စွဲချက်များ နှင့်ပတ်သက်ပြီး KNLA ဗဟိုဌာနချုပ်က ယနေ့တွင် ကြေညာ ချက် ထုတ်ပြန်ရှင်းလင်းခဲ့သည်။

ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း
ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း

KNLA တပ်မဟာ(၄)နှင့် စောအယ်ခွီးတို့အကြား ပစ်ခတ်မှုရှိခဲ့သည့် ဘောယက ကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNLA ဌာနချုပ်၏ ရှင်းလင်းချက်တွင် ဘောယကကျေးရွာသည် ထားဝယ်ခရိုင်၊ တပ်မဟာ(၄) အတွင်းစည်းရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ထိုကျေးရွာရှိရွာသားများအား တပ်မဟာ(၄)မှ ကျေါ်ရွာကာကွယ်ရေးအဖွဲ့ ဖွဲ့ပေးကာ လက်နက်ပါတပ်ဆင်ပေးထားကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

စောအယ်ခွီးသည် ဘောယက ရွာသားတစ်ဦးကို အသုံးချပြီး ထိုကျေးရွာအတွင်း စိမ့်ဝင်ကာ လျှို့ဝှက်စွာ လက်နက်ခိုးသွင်းလာကြောင်း၊ ဇန်နဝါရီ ၂၃ရက်တွင် စောအယ်ခွီး လက်အောက်ခံ တပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်မှုကြောင့် တပ်မဟာ(၄)မှ ဒုရင်းမှူးနှင့် မြို့နယ်ကော်မတီဝင် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNLA က ဆိုသည်။

ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း
ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း

ထို့နောက် တပ်မဟာ(၄) မှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင် ဘောယကရွာတွင် ကျေးရွာကာကွယ်ရေး အဖွဲ့နှင့် စောအယ်ခွီး အဖွဲ့တို့ နှင့်အတူ တွေ့ဆုံရန် ချိန်းဆိုခဲ့ကြောင်း၊ ကရင်အချင်းချင်း သွေးထွက်သံယို မဖြစ်လိုသောဆန္ဒကြောင့် ထိုတွေ့ဆုံပွဲတွင် စောအယ်ခွီးအား ဖိတ်ကြားသော်လည်း စောအယ်ခွီးက လက်အောက်ခံအား မည်သူမျှ မသွားရန် တားမြစ်ခဲ့ကြောင်း၊ တပ်မဟာ(၄) ကိုယ်စားလှယ်မှ ကျေးရွာကာကွယ်ရေးအဖွဲ့အား နည်းလည်သဘောပေါက်အောင် ရှင်းပြပြီး ထုတ်ပေးထားသည့် လက်နက်များကို ပြန်လည်အပ်နှံစေခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ အပ်နှံစေခဲ့သည့်လက်နက်များထဲတွင် စောအယ်ခွီးမှ လျှို့ဝှက်စွာထုတ်ပေးသော လက်နက်လည်း ပါရှိကြောင်း အသိပေးထားည်။

ဖေဖော်ဝါရီ ၁ရက် ပစ်ခတ်မှုဖြစ်စဉ်မှာ ဘောယကကျေးရွာကာကွယ်ရေးအဖွဲ့ လက်နက်အပ်နှံမှု နှင့် ပတ်သက်၍ စောအယ်ခွီးက မကျေနပ်၍ တပ်မဟာ(၄)အား ဇန်နဝါရီ ၂၇ရက်၌ ရာဇသံပေးသည့် စာတစ်စောင်ထုတ်ပြန်ပြီး စစ်ရေးဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အချိန်ဖြစ်ကြောင်း၊ တပ်မဟာ(၄) တပ်ဖွဲ့မှ တပ်ရိက္ခာ သယ်ယူရန် လာချိန် လမ်း၌ စောအယ်ခွီး တပ်ဖွဲ့မှ စောင့်ကြို ပစ်ခတ်၍ မလွှဲမရှောင်သာ ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ရှင်းလင်းသည်။

စောအယ်ခွီးနှင့် ၎င်းနောက်ကွယ်၌ရှိသည့် အုပ်စုများသည် ရည်ရွယ်ချက်ရှိရှိဖြင့် KNLA ၄အား အမျိုးမျိုး စွပ်စွဲ တိုက်ခိုက်သော်လည်း တပ်မဟာ(၄)ဘက်က မည်သည့်အခါမှ ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ဟုဆိုသည်။

ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း
ကရင့်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေသောဝါဒဖြန့်မှုများရှိဟု KNLA ဌာနချုပ် သတိပေးရှင်းလင်း

တပ်မဟာ(၄)နယ်မြေတွင် ကရင်အချင်းချင်း ပစ်ခတ်မှုမဖြစ်စေရေးအတွက် KNLA ဗဟိုမှ ဗိုလ်မှူးကြီး တစ်ဦးအား ၂၀၂၂ ဩဂုတ်က စေလွှတ်ကာစောအယ်ခွီး နှင့် တွေ့ရန်ကြိုးစားသော်လည်း စောအယ်ဒီက တပ်မဟာ(၄)ပါရင်မတွေ့ဘူးဟု ငြင်းဆိုသည်သာမက စောအယ်ခွီး အဖွဲ့ ရှိသည့်နေရာသို့ ဗဟိုမှ ဗိုလ်မှူးကြီးသွားသော်လည်း စောအယ်ခွီးက လက်ခံတွေ့ဆုံခြင်းမရှိခဲ့ကြောင်း၊ သူနေသည့် ထိုင်းဘက်ခြမ်းလာရောက်တွေ့ဆုံရန် ပြော၍ သွားရောက်ရာ လက်ခံတွေ့ဆုံခြင်းမရှိကြောင်းရှင်းပြထားသည်။

ကရင်အချင်းချင်း လက်နက်ကိုင်ပဋိပက္ခမဖြစ်စေရန် အတက်နိုင်ဆုံးကြိုးပမ်းသော်လည်း မလိုလားအပ်သည့် ပယောဂကြောင့် ပစ်ခတ်မှုအနည်းငယ် ဖြစ်ခဲ့ရကြောင်း၊ ထိုပစ်ခတ်မှုမကြီးထွားအောင် တစ်ဖက်သတ် ထိန်းသိမ်းထားကြောင်း၊ ဒေါင်းမင်းဟုခေါ်သည့်အဖွဲ့က လူ ၅၀ နှင့် ပတ်သက်၍လည်း တပ်မဟာ(၄) အောက်ခြေက ထောက်ပို့ အတွက် မိမိနယ်မြေကို ဖြတ်ကျော်ပြီး စေတနာဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်ကို ထောက်ထားမှုမရှိ၊ တပ်မဟာ(၄)၏ ဧည့်ဝတ်ကျေပွန်မှုကို တန်ဖိုးထားခြင်းမရှိကြောင်း ၊ Union Brothers အဖွဲ့ကလည်း တနင်္သာရီတိုင်း (Kaw Thoo Lei ARMY Special Forces-1 Page )ကို အမှီပြုပြီး သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လျက်ရှိကြောင်း KNLAက ထုတ်ပြန်သည်။

ကရင်အချင်းချင်း သွေးထွက်သံယိုဖြစ်စေသော ရည်ရွယ်ချက်ဖြင့် ရန်တိုက်ပေးသည့် အပြင် ကရင်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအကြား သွေးကွဲစေရန် ဝါဒဖြန့်ထုတ်လွှင့်ခြင်းသည် မည်သူ၏ လုပ်ရပ်ကို လုပ်ဆောင်နေသည်ကို ဆန်းစစ်ရန်လိုအပ်နေပြီဖြစ်ကြောင်း KNLA ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။