Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများဖြင့် ထွက်ပြေး

ကနီမြို့ တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှာ ပညာရေး(၁၁)ဟု ခေါ်သော လက်ရုံးတပ်ဖြစ်ပြီး ဗိုလ်မှူးကျော်သန့်နိုင်ဆိုသူဦးစီးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ ဖေဖော်ဝါရီအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - PS
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ၂၀၂၂ ဖေဖော်ဝါရီအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများအား ပစ်ခတ်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - PS

▪️စစ်ကောင်စီတပ်လိုက်လံပစ်ခတ်၍ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးလွှတ်မြောက်

စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်ကိုစွန့်ခွာပြီးထွက်ပြေးစဉ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၅ရက်)ည ၇နာရီခန့်ကကနီမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦး လက်နက်ခဲယမ်းများနှင့် ထွက်ပြေးစဉ် လိုက်လံပစ်ခတ်ခံရခြင်းဟု သိရသည်။

“ဖုန်းတော့ပါမသွားဘူး။ လက်နက်တွေပါ သွားတယ်။ စစ်ကောင်စီတပ်က နောက်ကနေ လိုက်ပစ် တာ။တစ်ယောက်က လွတ်သွားတယ်။ထွေအုပ်ရုံးထဲမှာ တစ်ယောက်မိပြီး ပစ်သတ်လိုက်တယ်။ လွန်ခဲ့တဲ့နာရီဝက်လောက်ကမှ ဆေးရုံရင်ခွဲရုံကို ပို့လိုက်တာ”ဟု ကနီမြို့ခံတစ်ဦးက ယနေ့ ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားမှာ မုံရွာမြို့ခံတစ်ဦးဖြစ်ပြီး လည်ပင်းတွင်ကြယ်ပုံ တက်တူးထိုးထားကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏သတင်းကို မကြားရသေးကြောင်း ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ကနီမြို့ တာဝန်ကျနေသည့် စစ်ကောင်စီတပ်မှာ ပညာရေး(၁၁)ဟု ခေါ်သော လက်ရုံးတပ်ဖြစ်ပြီး ဗိုလ်မှူးကျော်သန့်နိုင်ဆိုသူဦးစီးနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီကလည်း အဆိုပါတပ်မှ စစ်ကောင် စီတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDMပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။