Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီကင်းစခန်းအား သွားရောက်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၁၃ရက်က ဆားလင်းကြီးမြို့နယ်တစ်နေရာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား ဆားလင်းကြီးအခြေစိုက် NRG-PDFအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ကျဆုံးရဲဘော်၏ စျာပနပြုလုပ်နေစဉ်၊ ဓာတ်ပုံ-NRG-PDF
ကျဆုံးရဲဘော်၏ စျာပနပြုလုပ်နေစဉ်၊ ဓာတ်ပုံ-NRG-PDF

▪️PDF ရဲဘော်တစ်ဦးလည်း ကျဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီကင်းစခန်းတစ်ခုအား သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း အမျိုးသားတော်လှန်ရေးပြောက်ကြားတပ်ရင်း National Revolutionary Guards (NRG-PDF / Salingyi)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၃ရက်က ဆားလင်းကြီးမြို့နယ်တစ်နေရာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား ဆားလင်းကြီးအခြေစိုက် NRG-PDFအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့သွားရောက်တိုက်ခို​က်ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ညနေပိုင်းတွင်လည်း ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုနေ့က တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ရဲဘော် တစ်ဦးလည်းကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း NRG-PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကင်းစခန်းကိုသွားတိုက်တာ အပြန်အလှန်ဖြစ်ကြရင်း ၁၃ရက်နေ့မှာ ထိမှန်ဒဏ်ရာရပြီး ၁၄ ရက်နေ့မှာကျသွားတာပါ။ မနေ့က ၁၅ရက်နေ့မှာ မီးသင်္ဂြိုလ်ခဲ့တာပါ။ ၁၃ရက်ညနေမှာ ရဲဘော်တစ် ချို့က ကိုယ့်ရဲဘော်ထိတာ မကျေနပ်ပြီး ထပ်မံတိုက်ခဲ့လို့ တစ်ကောင်ထပ်သေခဲ့ပါတယ်။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်မှာ အသက် (၂၁)နှစ်သာရှိသေးကြောင်း၊ အချိန်မီဆေးဝါးကုသပေးခဲ့သော်လည်း ဆုံးပါးခဲ့ရကြောင်း NRG-PDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လက်နက်ငယ်ထိတာပါ။ ဦးခေါင်းထိတာပါ အချိန်မီကုသပေမဲ့ မရခဲ့တာပါ။ ဘာပြောချင်လဲဆိုတော့ ၀မ်းနည်းပေမဲ့ ဂုဏ်ယူပါတယ်။

သူတာ၀န်ကျေခဲ့ပါပြီ။ သူ့အတွက်လည်း အကောင်းဆုံးဖြစ်အောင် ဈာပနပြုလုပ်ပေးခဲ့ပါတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ကျဆုံးရဲဘော် မိုးမင်းထက် (ခ) ဖာလန်အတွက် အထူးဝမ်းနည်းကြေကွဲရပြီး မြင့်မြတ်သော စွန့်လွှတ်ပေးဆပ်မှုကို NRG PDF ရဲဘော်များအားလုံးက အစဉ်လေးစား ဦးညွှတ်ကြောင်း၊တော်လှန်ရေးတိုက်ပွဲ၏ မပြီးပြတ်သေးသော တာ၀န်များကို ရဲဘော်များအားလုံးက ဆက်လက်ထမ်းပိုး တိုက်ပွဲ၀င်သွားပါမည်ဟု ကတိသစ္စာပြုကြောင်း အမျိုးသားတော်လှန်ရေးပြောက်ကြားတပ်ရင်း National Revolutionary Guards (NRG-PDF / Salingyi) က ရေးသားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။