Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တိုး၍ PDFရဲဘော် ခုနစ်ဦးကျဆုံး

ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

▪️လက်နက်ခဲယမ်းနှင့် မော်တော်ယာဥ်များ ဆုံးရှုံးခဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ငွေသာကျေးရွာကို မီးရှို့ရန်လာသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရန် ကြိုးပမ်းသည့် PDF အဖွဲ့ဝင်များအနက် ရဲဘော် ခုနစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းနှင့် မော်တော်ယာဥ်များလည်း ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၁၁ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ညီနောင်သုံးဖော်အဖွဲ့၊ Shwe Nyar Myae People Defense Force၊ Southern YSO PDF၊ Yesagyo Revolution Group၊Zarmani Blood Guerilla Army.Myaing အဖွဲ့၊ယင်းမာပင်ခရိုင်အမှတ် (၁၀) တပ်ရင်း ဒေါင်နက်နယ်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နှင့်ပုလဲမြို့နယ်ရှိ အခြားမဟာမိတ်များက ရှေ့ထွတ်မိုင်းများဖြင့် တိုက်ခိုက်ရန်သွားရောက်ခဲ့သည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

ထိုသို့သွားရောက်စဥ် စစ်တပ်ကင်းပုန်းနှင့် ထိပ်တိုက်တွေဆုံမိပြီး PDF ရဲဘော်ခြောက်ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ညီနောင်သုံးဖော်အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထိုဖြစ်စဉ်တွင် ရဲဘော် လေးဦးကို မီးရှို့သတ်ဖြတ်ပြီး ကျန်ဒဏ်ရာရရဲဘော် သုံးဦးကို လည်လှီးသတ်ဖြတ်သွားကာ ကား သုံးစီးကို မီးရှို့သွားကြောင်း ဒေသတွင်းPDFအဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျဆုံးခဲ့သည့်ရဲဘော်များမှာ Shwe Nyar Myae People Defense Forceမှ ရဲဘော်လေးဦး၊ ညီနောင်သုံးဖော်မှ ရဲဘော် တစ်ဦး၊ Zarmani Blood Guerilla Army.Myaingအဖွဲ့မှ ရဲဘော် တစ်ဦး၊ Yesagyo Revolution Groupက ဒေသကာကွယ်ရေး ရဲဘော် တစ်ဦး စုစုပေါင်း ခုနစ်ဦး ဖြစ်သည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

ထို့အပြင် Shwe Nyar Myae People Defense Force က MK12သေနတ် တစ်လက်၊ ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း တစ်ခု၊ဗုံးသီးအဆံများ၊ ညီနောင်သုံးဖော်က သေနတ် တစ်လက်၊ ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း တစ်ခု၊ ဗုံးသီးအဆံများ၊ Southern YSO PDF က ကားတစ်စီး၊ လက်လုပ်ခြောက်ဆယ်ပြောင်း သုံးခု၊ ဗုံးသီးအဆံများ၊ Yesagyo Revolution Groupက လက်လုပ်ခြောက်ဆယ်ပြောင်း နှစ်ခု ဆုံးရှုံးခဲ့ကြကြောင်း ဒေသတွင်း PDFအဖွဲ့များက ထုတ်ပြန်သည်။

“ထိပ်တိုက်တိုးသလို ဖြစ်တာ။ ရဲဘော်တွေက နေရာ ပြောင်းအယူ စစ်ကြောင်းနဲ့ တိုးတာ။ အဲ့မှာ ပစ်ခံရတာပဲ။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်
သတ်ဖြတ်ခံခဲ့ရသည့်ရဲဘော်များနှင့် PDFအဖွဲ့၏ မီးရှို့ခံရသော မော်တော်ယာဥ်များ၊ ဓာတ်ပုံ-ညီနောင်သုံးဖော်

​ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆုံးရှုံးနစ်နာမှုများ ရှိနေသော်လည်းစစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ဒေသတွင်း PDFအဖွဲ့များက အသိပေးသည်။

ဖေဖော်ဝါရီ ၉ ရက်က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နှင့် ၁၀ ရက်များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်း Pdfအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ