Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် PDF စခန်းငယ်တစ်ခု စီးနင်းခံရပြီး ယနေ့ မင်္ဂလာဆောင်မည့် PDF ဇနီးမောင်နှံကို သတ်ဖြတ်သွား

စစ်ကြောင်းတွင် ရဲများလည်းပါပြီး ရဲများလည်းထိခိုက်သေဆုံးမှုရှိကြောင်း၊ မိုင်းရှာစက်များအသုံးပြု ဖြတ်တောက်ခဲ့၍ ပေပါမိုင်းများ မကွဲခဲ့ကြောင်း Southern YSO PDF က ဆိုသည်။

PDF မောင်နှံအပါအဝင် စခန်းငယ်အား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-Southern YSO PDF
PDF မောင်နှံအပါအဝင် စခန်းငယ်အား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-Southern YSO PDF

▪️လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်း၃၀၀ ဖိုးခန့်ဆုံးရှုံးဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF စခန်းငယ်တစ်ခုစီးနင်းခံရပြီး ယနေ့မင်္ဂလာဆောင်မည့် PDF ဇနီးမောင်နှံကို စခန်းနှင့်အတူ မီးရှို့သတ်ဖြတ် သွားခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ ​(ဖေဖော်ဝါရီ ၁၇ ရက်) နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ သဲတောကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ ပြည်သူများကို ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့နောက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် သဲတောကျေးရွာနှင့် (၁)မိုင်ခန့်ဝေးသော Southern YSO PDF၏ အခြေပြု ကင်းစခန်းငယ်တစ်ခုသို့ ဝင်ရောက်လာစဉ် အသင့်စောင့်ဆိုင်းနေသော မဟာမိတ်အဖွဲ့များက မိုင်းသုံးလုံး၊ ရှေ့ထွတ် ပြောင်း သူံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF ၏ တာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း၊ အဆိုပါ သုံးဦးအနက် တစ်ဦးမှာ ယာတံတောင်ဆစ်မှ ပြုတ်ထွတ် ဒဏ်ရာရပြီး တစ်ဦးမှာ ခြေသလုံး ဖောက်ထွတ်ဒဏ်ရာရရှိကြောင်း Southern YSO PDF က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းတွင် ရဲများလည်းပါပြီး ရဲများလည်းထိခိုက်သေဆုံးမှုရှိကြောင်း၊ မိုင်းရှာစက်များအသုံးပြု ဖြတ်တောက်ခဲ့၍ ပေပါမိုင်းများ မကွဲခဲ့ကြောင်း Southern YSO PDF က ဆိုသည်။

ထိုဖြစ်စဉ်တွင် ယနေ့ (ဖေဖော်ဝါရီ၁၈ ရက်)တွင် မင်္ဂလာဆောင် အခမ်းအနားကျင်းပမည့် PDF ရဲဘော်မောင်နှံနှစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း၊ သတ်ဖြတ်ခံရသော ဇနီးမောင်နှံနှစ်ဦးကို စခန်းငယ်၌ မီးရိူ့ သတ်ဖြတ်သွားခဲ့ကြောင်း Southern YSO PDF က အသိပေးသည်။

အဆိုပါ ရဲဘော်နှစ်ဦးသည် Urban Underground Revolution Force (UURF -YSO)တပ်ခွဲ ဗိုလ်ရာဟုအဖွဲ့က ရဲဘော်များဖြစ်ပြီး Southern YSO PDF အဖွဲ့တွင် တော်လှန်ရေးအစမှ ယခုချိန်ထိ အတူနေတိုက်ပွဲဝင် မိသားစု ညီအကိုမောင်နှစ်မများဖြစ်ကြောင်း Southern YSO PDF၏ တာဝန်ခံက ပြောသည်။

ထို့အပြင် Glockအတို တစ်လက်၊ ကျည်ဆံ ၆၅တောင့် ဆုံးရူံးခဲ့ရပြီး စခန်းလည်း မီးရှို့ခံခဲ့ရကာ ထုတ်လုပ်ရေး ပစ္စည်းအမြောက်အများ ၊ဆိုင်ကယ်များ၊ ရဲဘော်အသုံးအဆောင်ပစ္စည်းများ ၊ ဆိုလာ ၊ဘတ်ထရီ ၊အင်ဘာတာ၊ရိက္ခာပစ္စည်းများ မီးရိူ့ခံရပြီး ကာလတန်ကြေး ကျပ်သိန်း ၃၀၀ခန့် ဆုံးရှုံးခဲ့ကြောင်း Southern YSO PDF ၏ တာဝန်ခံက ပြောသည်။

တိုက်ပွဲတွင် Southern YSO PDF၊Urban Underground Revolution Force (UURF-YSO)ဗိုလ်ရာဟု တပ်ခွဲ၊Shwe Nyar Myae People Defence Force(YSO)၊Yesagyo Revolution Force (YRG)၊ညီနောင်သုံးဖော်၊ Zarmani Blood Guerilla Army.Myaing အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

​ဖေဖော်ဝါရီ ၁၂ ရက်ကလည်း Southern YSO PDFအဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့သည့် ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာအနီးဖြစ်စဥ်တွင် မဟာမိတ်အဖွဲ့များမှ PDF ရဲဘော်ခြောက်ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သေးသည်။ ထိုဖြစ်စဉ်တွင်လည်း ရဲဘော် လေးဦးကို မီးရိူ့သတ်ဖြတ်ခံခဲ့ရပြီး ကျန်ဒဏ်ရာရရဲဘော် သုံးဦးကို သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။