တော်လှန်ရေး ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သရုပ်ဆောင် ဒါရိုက်တာ သီဟတင်စိုး ဖေဖော်ဝါရီ ၂၁ ရက်မှာ နှလုံးရောဂါဖြင့်ကွယ်လွန်သွားပါတယ်။
သီဟတင်စိုးက ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး သင်္ဃန်းကျွန်းဆေးရုံမှာကွယ်လွန်သွားတာလို့ သိရပါတယ်။

“ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။သွားနှင့်တော့ ကိုသီဟရေ။
အကိုနဲ့ချိန်းထားတာတောင် မတွေ့ဆုံရတော့ဖူးပေါ့။

Public Service Announcement
ကောင်းရာသုဂတိလားပါစေ ။ပြုမိသမျှ ကုသိုလ် အမျှဝေလိုက်ပါတယ်။သာဓုခေါ်ပါ အကို။” လို့ ဝေဠုကျော်ဖောင်ဒေးရှင်းက ဖေ့စ်ဘွတ်ခ်မှာတင်ထားပါတယ်။
သီဟတင်စိုးက ရုပ်ရှင်ထူးချွန်ဆုအနေနဲ့ ၂၀၀၀ ပြည့်နှစ်မှာ ငရဲသား ဇာတ်ကားနဲ့ သရုပ်ဆောင် ၊ ဒါရိုက်တာ ဆု ရရှိခဲ့ပါတယ်။
