Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လသားအရွယ်ကလေးငယ်သေဆုံး

အိမ်ခြေ၅၁အိမ်ရှိပြီး လူဦးရေ၃၀၀ကျော်ရှိတဲ့ ဗူးပြားကျေးရွာမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစတင်ပြီး ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတာလို့ သိရပါတယ်။

ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လသားအရွယ်ကလေးငယ်သေဆုံး
ဖယ်ခုံမှာ ကလေး ၂၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လသားအရွယ်ကလေးငယ်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ဗူးပြားရွာမှာ ကလေးငယ်၂၀ကျော်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားနေတယ်လို့ မိုးဗြဲကူညီရေးအဖွဲ့ (Mobye Rescue Team)က အသိပေးပါတယ်။

အိမ်ခြေ၅၁အိမ်ရှိပြီး လူဦးရေ၃၀၀ကျော်ရှိတဲ့ ဗူးပြားကျေးရွာမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစတင်ပြီး ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတာလို့ သိရပါတယ်။

ဒီနေ့အထိ ကလေးငယ် ၂၀ကျော်နဲ့ လူကြီး၂ဦးတို့ဖြစ်ပွားပြီး ၇လအရွယ်ကလေးငယ်တစ်ဦး ဖေဖော်ဝါရီလ ၁၄ရက်မှာ ဆုံးသွားတယ်လို့ မိုးဗြဲ ကူညီရေးအဖွဲ့ထံကသိရပါတယ်။

ဝမ်းရောဂါဖြစ်တဲ့ ကလေးတွေဟာ အသက် ၇လအရွယ်ကနေ ၁၄နှစ်အရွယ်ထိ ပါဝင်ကြတယ်လို့ မိုးဗြဲကူညီရေးအဖွဲ့ တာဝန်ရှိတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

” အခုလောလောဆယ်တော့ ကလေးတွေသက်သာသွားတယ်၊ဆေးအတွက်တော့ အခက်အခဲဖြစ်နေသေးတယ်” လို့ အဲဒီ တာဝန်ရှိသူကပြောပါတယ်။

ဗူးပြားကျေးရွာကနေ တခြားကျေးရွာတွေကို ထပ်မံမကူးစက်နိုင်အောင် ရောဂါထိန်းချုပ်မှုတွေ ပြုလုပ်ထားတယ်လို့သိရပါတယ်။

ဗူးပြားကျေးရွာကို ဖယ်ခုံမြို့ပေါ်ကနေ သွားရောက်ဖို့ ၄နာရီနီးပါးကြာမြင့်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။