ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက ဗူးပြားရွာမှာ ကလေးငယ်၂၀ကျော်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားနေတယ်လို့ မိုးဗြဲကူညီရေးအဖွဲ့ (Mobye Rescue Team)က အသိပေးပါတယ်။
အိမ်ခြေ၅၁အိမ်ရှိပြီး လူဦးရေ၃၀၀ကျော်ရှိတဲ့ ဗူးပြားကျေးရွာမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစတင်ပြီး ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတာလို့ သိရပါတယ်။
ဒီနေ့အထိ ကလေးငယ် ၂၀ကျော်နဲ့ လူကြီး၂ဦးတို့ဖြစ်ပွားပြီး ၇လအရွယ်ကလေးငယ်တစ်ဦး ဖေဖော်ဝါရီလ ၁၄ရက်မှာ ဆုံးသွားတယ်လို့ မိုးဗြဲ ကူညီရေးအဖွဲ့ထံကသိရပါတယ်။
ဝမ်းရောဂါဖြစ်တဲ့ ကလေးတွေဟာ အသက် ၇လအရွယ်ကနေ ၁၄နှစ်အရွယ်ထိ ပါဝင်ကြတယ်လို့ မိုးဗြဲကူညီရေးအဖွဲ့ တာဝန်ရှိတစ်ဦးကပြောပါတယ်။

Public Service Announcement
” အခုလောလောဆယ်တော့ ကလေးတွေသက်သာသွားတယ်၊ဆေးအတွက်တော့ အခက်အခဲဖြစ်နေသေးတယ်” လို့ အဲဒီ တာဝန်ရှိသူကပြောပါတယ်။
ဗူးပြားကျေးရွာကနေ တခြားကျေးရွာတွေကို ထပ်မံမကူးစက်နိုင်အောင် ရောဂါထိန်းချုပ်မှုတွေ ပြုလုပ်ထားတယ်လို့သိရပါတယ်။
ဗူးပြားကျေးရွာကို ဖယ်ခုံမြို့ပေါ်ကနေ သွားရောက်ဖို့ ၄နာရီနီးပါးကြာမြင့်တယ်လို့ သိရပါတယ်။


















































