Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။

Natogyi Regional Defence Forceမှ ရဲဘော် များအား တွေ့ရစဉ်၊ ဓာတ်ပုံ-NRDF
Natogyi Regional Defence Forceမှ ရဲဘော် များအား တွေ့ရစဉ်၊ ဓာတ်ပုံ-NRDF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် သားဖြစ်သူ စစ်ကောင်စီ​၏ စစ်ဗိုလ် အရှိန်အဝါကိုသုံး၍ ကျေးရွာအား စစ်တပ်ခေါ်ကာ ဖိနှိပ်ခြိမ်းခြောက်ခဲ့သူ ပျူစောထီးခေါင်းဆောင်တစ်ဦးအား Natogyi Regional Defence Forceက ရှင်းလင်းခဲ့သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။

ပျူခေါင်းဆောင်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဂျင်ကလိခေါ် သံချွန်လက်နက်များနှင့် လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ပျူခေါင်းဆောင်မှာ သားဖြစ်သူ ဗိုလ်ကြီး၏ အရှိန်အဝါယူ၍ရွာ၌ စစ်ကောင်စီတပ်ခေါ်ကာ ကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်​ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း Natogyi Regional Defence Force ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လန်ဒန်က ပြောကြားသည်။

“နေရာတင် ပွဲချင်းပြီးတယ်။ သူယာခင်းထွက်တဲ့အချိန်နဲ့ တိုးတာပါ။ သူ့သားကတပ်ထဲမှာ ဗိုလ်အဆင့်ပဲဗျ။ သူ့သားအရှိန်အဝါသုံးပြီး ကျေးရွာ လူထုအပေါ် ဖိနှိပ်နေတာ။ လက်နက်အားကိုးနဲ့လည်း ခြိမ်းခြောက်တာတွေ ရှိတယ်။ စစ်ကြောင်းထိုးရင်လည်း ဒီကောင်ကပဲ ဦးဆောင် ခေါ်တာ။”ဟု NRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်တွင် ပျူအဖွဲ့များ သောင်းကျန်းလျက်ရှိပြီး ဖေဖော်ဝါရီ၂ဝ ရက် ညကလည်း လယ်သစ်ကျေးရွာရှိ NLDပါတီ ခရိုင်နာယက ဦးလှမြင့်၏ နေအိမ်မှ ထယ်ခုံ(၃)ခုံကို ပျူများက သယ်ဆောင်သွားကြောင်း၊ ဇွန်လအစောပိုင်းကလည်း ထွန်စက် နှစ်စီးကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။