Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ

ရီရှင်းရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ဒီတစ်ကြိမ် ဟာ ဒုတိယအကြိမ် ထပ်ကြုံရတာလည်းဖြစ်ပါတယ်။

သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ
သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ် မြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင်တစ်ဆိုင် မနေ့ကညနေပိုင်းက ဆိုင်သိမ်းချိန်မှာ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။

သီပေါမြို့မ ဈေးမှာဖွင့်ထားတဲ့ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရတာဖြစ်ပြီး ရွှေချိန် ၆ ပိဿခန့်ပါသွားတယ်လို့လည်းသိရပါတယ်။

ရီရှင်းရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ဒီတစ်ကြိမ် ဟာ ဒုတိယအကြိမ် ထပ်ကြုံရတာလည်းဖြစ်ပါတယ်။

“ဆိုင်သိမ်းပြီးအပြန်ဆိုတော့ ရွှေပမာဏကများတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်ကိုသိရတဲ့ ဒေသခံတစ်ဦး ပြောပြချက်အရ မနေ့ကညနေပိုင်း ဆိုင်သိမ်းပြီး ဆိုင်ရှင်လင်မယားဟာ ဟိုတယ်ကိုအပြန် ဟိုတယ်အရောက်ကားပေါ်ကအဆင်းမှာ နောက်ကနေ ကပ်လိုက်လာတဲ့ ဆိုင်ကယ် ၂ စီးပေါ်က အမျိုးသား ၄ ဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။