Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ

ရီရှင်းရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ဒီတစ်ကြိမ် ဟာ ဒုတိယအကြိမ် ထပ်ကြုံရတာလည်းဖြစ်ပါတယ်။

သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ
သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ် မြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင်တစ်ဆိုင် မနေ့ကညနေပိုင်းက ဆိုင်သိမ်းချိန်မှာ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။

သီပေါမြို့မ ဈေးမှာဖွင့်ထားတဲ့ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရတာဖြစ်ပြီး ရွှေချိန် ၆ ပိဿခန့်ပါသွားတယ်လို့လည်းသိရပါတယ်။

ရီရှင်းရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ဒီတစ်ကြိမ် ဟာ ဒုတိယအကြိမ် ထပ်ကြုံရတာလည်းဖြစ်ပါတယ်။

“ဆိုင်သိမ်းပြီးအပြန်ဆိုတော့ ရွှေပမာဏကများတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်ကိုသိရတဲ့ ဒေသခံတစ်ဦး ပြောပြချက်အရ မနေ့ကညနေပိုင်း ဆိုင်သိမ်းပြီး ဆိုင်ရှင်လင်မယားဟာ ဟိုတယ်ကိုအပြန် ဟိုတယ်အရောက်ကားပေါ်ကအဆင်းမှာ နောက်ကနေ ကပ်လိုက်လာတဲ့ ဆိုင်ကယ် ၂ စီးပေါ်က အမျိုးသား ၄ ဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ရွှေဆိုင်ပိုင်ရှင် သိန်းထောင်ချီလုယက်ခံရပြီး ၂ရက်အကြာမှာပဲ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဓားပြတိုက်ခံမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။