Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိဟု SSPPထုတ်ပြန်

ကုန်းသားကျေးရွာ၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ နှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲအတွက် လုံခြုံရေးယူပေးနေသည့် SSPPတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်း၌ ၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - SSPP
ဓာတ်ပုံ - SSPP

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ယနေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်သည်။

ကုန်းသားကျေးရွာ၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ နှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲအတွက် လုံခြုံရေးယူပေးနေသည့် SSPPတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်း၌ ၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - SSPP
ဓာတ်ပုံ – SSPP

နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကုန်းသာကျေးရွာတွင် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲကို ကျင်းပပြီး ယနေ့နံနက်တွင် ပွဲကော်မတီနှင့် ကျေးရွာ ဒေသခံတို့ ပွဲခင်းသိမ်းနေချိန် စစ်ကောစီတပ်ဖွဲ့ ခလရ(၆၈)နှင့်ခလရ (၂၃)တို့စုစုပေါင်းအင်အား ၈၀ခန့်က ကုန်းသာရွာအတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာ၍ လမ်းလုံခြုံရေးယူထားသည့် SSPP နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်ကတစ်ချို့သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စုတွင်း ဒေသခံ ၆၀၀ခန့် လုံယွန်းဘုန်းကြီးကျောင်းနှင့် သီပေါမြို့အတွင်းသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ရပြီး ယခုအချိန်ထိ နှစ်ဖက်စစ်အင်အားဖြည့်ကာ စစ်ရေးတင်းမာနေကြောင်း SSPPက အသိပေးထားသည်။

SSPPသည် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ယခင်ကလည်း ဆွေးနွေးပွဲများမတိုင်မီ စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာမှုအချို့ ပစ်ခတ်မှု အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။