Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့တွင် ရဲတပ်ကြပ်တစ်ဦး အသတ်ခံရ

မူဆယ်မြို့တွင် အခြေစိုက်သော ပြည်သူ့လုံခြုံ‌ ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ PSDA ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)ကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။

မူဆယ်မြို့လယ် တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မူဆယ်မြို့လယ် တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တနေရာတွင် စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးက ရဲတပ်ကြပ်အား မူဆယ်မြို့ ‌မြောက်ရပ်ကွက်လမ်း‌ဘေး တနေရာတွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဟု မြို့ခံများက ပြောသည်။

“မြောက်ရပ်ကွက် လမ်းပေါ်မှာ ပစ်သွားတာဗျ။ ရဲတပ်ကြပ်တခါတည်း သေသွားတာ။ ဆေးရုံကားလည်း တော်တော်ကြာမှလာတာ”ဟု မျက်မြင်တွေ့သူတစ်ဦးက‌ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသော ရဲတပ်ကြပ်မှာ မူဆယ်မြို့မရဲစခန်းမှ ဖြစ်သည်။ သို့သော် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မူဆယ်မြို့တွင် စစ်ကောာင်စီထောက်တိုင်များကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းမှုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၆ရက်က နောက်ဆုံးဖြစ်ခဲ့သည်။ မူဆယ်မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးကို မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

မူဆယ်မြို့တွင် အခြေစိုက်သော ပြည်သူ့လုံခြုံ‌ ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ PSDA ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)ကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။

ထိုသို့ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ပြီးနောက် လေးရက်အကြာတွင် ရဲတပ်ကြပ်တဦး ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။ ယခုဖြစ်ရပ်သည် မူဆယ်ဗျုဟာ( TACTIC OF MUSE)နှင့် ပတ်သက်မှုရှိမရှိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မူဆယ်မြို့ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများသည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့်ဆက်စပ်နေပြီး လုပ်ငန်းအများစုသည် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများ၌ ရှိနေသည်ဟု ဒေသခံများကပြောသည်။

သတင်း

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်(၁၀၅)မိုင် စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၂၀၂၃ ဒီဇင်ဘာ၁၅ရက်တွင် တိုက်ခိုက် သိမ်းယူထားခြင်းဖြစ်သည်။

သတင်း

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးသို့ နိုဝင်ဘာ ၂၆ရက်နှင့် ၂၇ရက်တွင် စစ်ကောင်စီက ‌လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားငါးဦး သေဆုံးခဲ့သေးသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် စစ်ကောင်စီတပ်စခန်း အခြေအနေကိုလည်း ရုပ်သံတွင်တွေ့ရပြီး တော်လှန်ရေးရဲဘော်များက စစ်ကောင်စီစခန်းမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များကို စုစည်းနေသည်ကို တွေ့ရသည်။