Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့တွင် ရဲတပ်ကြပ်တစ်ဦး အသတ်ခံရ

မူဆယ်မြို့တွင် အခြေစိုက်သော ပြည်သူ့လုံခြုံ‌ ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ PSDA ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)ကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။

မူဆယ်မြို့လယ် တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
မူဆယ်မြို့လယ် တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တနေရာတွင် စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံလိုက်ရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးက ရဲတပ်ကြပ်အား မူဆယ်မြို့ ‌မြောက်ရပ်ကွက်လမ်း‌ဘေး တနေရာတွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဟု မြို့ခံများက ပြောသည်။

“မြောက်ရပ်ကွက် လမ်းပေါ်မှာ ပစ်သွားတာဗျ။ ရဲတပ်ကြပ်တခါတည်း သေသွားတာ။ ဆေးရုံကားလည်း တော်တော်ကြာမှလာတာ”ဟု မျက်မြင်တွေ့သူတစ်ဦးက‌ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသော ရဲတပ်ကြပ်မှာ မူဆယ်မြို့မရဲစခန်းမှ ဖြစ်သည်။ သို့သော် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မူဆယ်မြို့တွင် စစ်ကောာင်စီထောက်တိုင်များကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းမှုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၆ရက်က နောက်ဆုံးဖြစ်ခဲ့သည်။ မူဆယ်မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးကို မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

မူဆယ်မြို့တွင် အခြေစိုက်သော ပြည်သူ့လုံခြုံ‌ ရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ PSDA ကို ဖျက်သိမ်းပြီးနောက် မူဆယ်ဗျုဟာ( TACTIC OF MUSE)ကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီ ၁၈ရက်က ဖွဲစည်းခဲ့သည်။

ထိုသို့ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ပြီးနောက် လေးရက်အကြာတွင် ရဲတပ်ကြပ်တဦး ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။ ယခုဖြစ်ရပ်သည် မူဆယ်ဗျုဟာ( TACTIC OF MUSE)နှင့် ပတ်သက်မှုရှိမရှိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကျားဖြန့်လောင်းကစားရုံ ငွေတောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့ခံများက ပြောသည်။

သတင်း

ရဲတပ်ကြပ်ကြီးအား Burmese Revolution Force - B.R.F ၊ ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နှင့် မဟာမိတ်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲနှင့် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း သတင်းရရှိသည်။