Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့တွင် ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရ

ပစ်ခတ်မှုသည် မူဆယ်နှင့်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် လမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာ ၁၈ရက်)ည‌နေ ၃နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့တွင် ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရ
မူဆယ်မြို့တွင် ဒုဗိုလ်မှူးကြီးတစ်ဦး ပစ်ခတ်ခံရ

မူဆယ်မြို့တွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး ယနေ့ညနေ ၃နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့အ‌‌ခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (၄၂၁)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်စီးလာသော ကားကို ‌လက်နက်ကိုင်လူတစ်စုက နှစ်ဘက်ညှပ်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်းဟု မျက်မြင်တွေ့သူများက ပြောသည်။

” သူ့ကားကို ရှေ့ကနေ ကားနဲ့ပိတ်ရပ်လိုက်တယ်။ နောက်က ဆိုင်ကယ်တစ်စီးကပါ ပိတ်ပြီး ရှေ့နောက် ညှပ်ပစ်တာ။ ကျည် ခုနစ်ချက်ထက်မနည်းဘူး ထိတယ်။ အခု အသက်လုနေရတယ်ကြားတယ်”ဟု ပစ်ခတ်မှုဖြစ်စဉ်ကို မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုသည် မူဆယ်နှင့်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် လမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာ ၁၈ရက်)ည‌နေ ၃နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သေနတ်ဒဏ်ရာ ခုနစ်ချက်ရတယ်။ ဆေးကုနေတယ်။ သေတော့ မသေဘူးလို့ သိရတယ်”ဟု မူဆယ်မြို့ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောသည်။

ပစ်ခတ်သည့်အဖွဲ့ကို မသိရသေးသလို သတင်းထုတ်ပြန်မှုလည်း မတွေ့ရသေးပေ။

အောက်တိုဘာ ၆ရက် ညနေ ၅ နာရီခန့်က မူဆယ်မြို့နယ်တရားသူကြီးအား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါတရားသူကြီးမှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂ရက်ကလည်း မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။