Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်ဖွဲ့သိမ်းထားသည့် ရဲစခန်းနေရာအပါအဝင် ထန်တလန်မြို့ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်

ယမန်နေ့ ဖေဖော်ဝါရီ ၂၂ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ထန်တလန်ရဲစခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CNA
ယမန်နေ့ ဖေဖော်ဝါရီ ၂၂ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ထန်တလန်ရဲစခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CNA

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ သိမ်းပိုက်ထားသည့် ထန်တလန်ရဲစခန်းအပါအဝင် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်းက ရဲစခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရများခဲ့ပြီး လက်နက် ၄၂လက်ကို ချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။ ယင်းရဲစခန်းနေရာကို ပြန်လည်သိမ်းပိုက်မည်ဟု စစ်ကောင်စီတပ်က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် ချင်းတပ်ဖွဲ့က စိုးမိုးထိန်းချုပ်ထား၍ လေကြောင်းတိုက်ခိုက်မှုသာ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

“ ဒီနေ့ ခုညနေ ၂နာရီ ၄၀ လောက်မှာပဲ ဖိုက်တာတစ်စီးလာသွားတယ်။ အဲဒီမှာ လေးကြိမ် ဗုံးကြဲတာပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုတော့မရှိဘူးပေါ့။ အခု ဒီနေ့ကတော့ မြို့ပေါ်မှာပဲ။ မြေပြင်အခြေအနေဆိုရင် တော့ အခုတလော သူကနေ့စဉ်ရက်ဆက် ဗုံးကြဲလေယာဉ် တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ နေ့စဉ်နဲ့အမျှပစ်နေတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့လည်း ထန်တလန်ရဲစခန်းနေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ခိုက်ခံရမှု၌ ချင်းတပ်ဖွဲ့ဘက်က ကျဆုံးမှုမရှိသော်လည်း လေကြောင်း တိုက်ခိုက်မှုပြင်းထန်၍ အသေးစားထိခိုက်မှု အချို့ရှိခဲ့သည် ဆလိုင်းထက်နီက ပြောသည်။

“ဗုံးက အင်မတန်မှပြင်းတော့ အဲဒီ ဗုံးလှိုင်းကြောင့် နည်းနည်းမျက်နှာမှာ ပွန်းပဲ့တာတော့ရှိတယ်။ လုံးဝမစိုးရိမ်ရဘူး။ ဒီကနေ့ကတော့ လုံးဝမထိခိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကတော့ အဆုံးတိုင် တိုက်ပွဲဝင်သွားမှာပေါ့”ဟု ၎င်းက ဆိုသည်။

မတူပီမြို့နယ်တွင်လည်း ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မြေပြင်တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။