Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဓာတ်ပုံသမားဖမ်းခံရပြီး နာရီပိုင်းအတွင်း အလောင်းလာထုတ်ခိုင်း

သေဆုံးသွားသူ ဓာတ်ပုံသမားဟာ အသက် ၅၂ နှစ်အရွယ် ကိုအောင်ဝင်းထွဋ် ခေါ် ကိုအောင် ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းခံရတာပါ။

မန္တလေးမှာ ဓာတ်ပုံသမားဖမ်းခံရပြီး နာရီပိုင်းအတွင်း အလောင်းလာထုတ်ခိုင်း
မန္တလေးမှာ ဓာတ်ပုံသမားဖမ်းခံရပြီး နာရီပိုင်းအတွင်း အလောင်းလာထုတ်ခိုင်း

မန္တလေးမှာ ဓာတ်ပုံသမားတစ်ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး နာရီပိုင်းအတွင်းသေဆုံးမှု ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသွားသူ ဓာတ်ပုံသမားဟာ အသက် ၅၂ နှစ်အရွယ် ကိုအောင်ဝင်းထွဋ် ခေါ် ကိုအောင် ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းခံရတာပါ။

ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနီး မှာ နေထိုင်တဲ့ ဓာတ်ပုံသမားကို ဖေဖော်ဝါရီလ ၁၉ ရက်ညနေပိုင်း ၆ နာရီခန့်မှာ စစ်ကောင်စီတပ် ကရိုက်နှက်ဖမ်းဆီးသွားတာလို့ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။

“သူက ဓာတ်ပုံသမားပါ၊ နိုင်ငံရေးလုပ်တယ်လို့မကြားမိဘူး”လို့ ကိုအောင်ဝင်းထွဋ်နဲ့ရင်းနှီးသူမိတ်ဆွေတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးသွားပြီး ၃ နာရီအကြာ ည ၉ နာရီဝန်းကျင်မှာ မိသားစုဝင်တွေထံကို မန္တလေးဆေးရုံကြီးမှာ အလောင်းသွားထုတ်ဖို့ စစ်တပ်ကအကြောင်းကြားလာတာလို့အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

မိသားစုအနေနဲ့ မန္တလေးဆေးရုံကြီးကနေ အလောင်းကို ထုတ်ယူပြီး ဖေဖော်ဝါရီလ ၂၁ရက်မှာ ဈာပနပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကိုအောင်ဝင်းထွဋ်ကို စစ်ကောင်စီတပ် ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာကိုမသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။