Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်တွင် စစ်ကောင်စီတ​ပ်က လေကြောင်းပစ်ခတ်ပြီး တပ်ကူ ၄ ကြိမ်ပို့၊ ပြည်သူများ မြို့နယ်တွင်းလမ်းများအသုံးမပြုရန် ပကဖသတိပေး

စစ်​ကောင်စီက​ဖေ​ဖော်ဝါရီ ၂၂ ရက်မှ စ၍ အရာ​တော် ၊​ရွှေဘို နှင့်ဝက်လက်မြို့နယ်တို့ကို စစ်အုပ်ချုပ်​ရေးထပ်မံ​ကြေညာခဲ့သည်။ထို​ကြောင့်စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီကစစ်အုပ်ချုပ်​ရေး ​ကြေညာထား​သောမြို့နယ် ၁၂ မြို့နယ် ရှိလာပြီး တစ်န်ုင်ငံလုံးတွင် ၄၇ မြို့နယ်ရှိသည်။

(အရာ​တော်မြို့နယ်မှ PDF အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(အရာ​တော်မြို့နယ်မှ PDF အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ခတ်ပြီး တပ်ကူ (၄)ကြိမ်အထိ ပို့ဆောင်ထား၍ ပြည်သူများ မြို့နယ်တွင်းလမ်းများအား အသုံးပြုခြင်းမပြုရန် အရာတော်ပြည်သူ့ကာကွယ်​ရေး(ပကဖ) အဖွဲ့က ထုတ်ပြန်ကြေညာသည်။

ပြည်သူလူထုလုံခြုံရေးအတွက်အရာတော် မြို့နယ်တွင်းဖြတ်သန်းသည့် လမ်းမများအား ယနေ့(​ဖေ​ဖော်ဝါရီ ၂၃ )တစ်ရက်တာ အသုံးပြုခြင်း ယာယီရပ်နားထားပေးပါရန် အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားသည်။

​ဖေ​ဖော်ဝါရီ ၂၂ မှစ၍ ယနေ့ ညနေ ၃ နာရီ မိနစ်၂၀ အထိ စစ်ကောင်စီက အရာတော်ဒေသအတွင်းသို့ ရဟတ်ယာဉ်ဖြင့် တပ်ကူ (၄)ကြိမ်အထိ ပို့ဆောင်ထားကြောင်း၊ အရာတော်ဒေသသည် မြင်းမူ၊ မုံရွာ၊ ဘုတလင်၊ ‌ဒီပဲယင်း၊ ဝက်လက်ဒေသများနှင့် ထိစပ်နေပြီး ပြည်သူများအနေဖြင့် လမ်းပိုင်းအသုံးပြုခြင်း ရှောင်ရှားကြရန် ထုတ်ပြန်ထားသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားမှု၊ မြေပြင်တပ်များလှုပ်ရှားမှုများကို တွေ့ရှိပါက ဒေသခံတော်လှန်ရေးအင်အားစုများသို့ သတင်းပေးပို့ကူညီကြရန် ၊ အရေးပေါ် စစ်ရှောင်ပြည်သူအချင်းချင်း ကူညီကြရန်နှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် အရာတော်ဒေသသို့ အချင်းချင်း ဆက်သွယ်အသိပေးကြရန် အရာတော်ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတ​ပ်သည်ယနေ့ မွန်းလွဲ ၂ နာရီခန့်က အရာတော်မြို့နယ် တောင်ပိုင်း မလဲသာ၊ ကန်ရင်းဒေသ၌ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ Mi17 လူသယ်ရဟတ်ယာဉ်များတွင် စစ်သား ၃၀ ခန့် သယ်ဆောင်လေ့ရှိသဖြင့် ၃ ကြိမ်ဆိုလျှင် စစ်ကူတပ်သား ရာဂဏန်းအနည်းဆုံးရှိမည်ဟု ခန့်မှန်းနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ​ဒေသတွင်းသတင်းဌာနဖြစ်​သော အရာတော်ပို့စ်သို့ ဖြေကြားထားသည်။

လက်ရှိတွင် မလဲသာ၊ ကန်ရင်း ကျေးရွာများတဝိုက်ကို စစ်ကောင်စီတပ်များ ဖြန့်ချနေရာယူထားပြီး ခြေလျင်စစ်ကြောင်းများဖြင့် ဆက်လက်တက်လာနေသည်။

​ဖေ​ဖော်ဝါရီ ၂၁ ရက်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှာ မိုင်းထိသလို တိုက်ပွဲ​ကြောင့် အနည်းဆုံး၁၀ ဦးခန့်​သေဆုံးဒဏ်ရာရရှိပြီး ​ဖေ​ဖော်ဝါရီ ၂၂ တိုက်ပွဲမှာလည်းပြင်ထန်ပြီး စစ်တပ်မှအရာရှိအပါအဝင် ​သေဆုံးဒဏ်ရာရသူများ​ကြောင်း ​ဒေသတွင်းသတင်းများဖော်ပြ​​​ပေး​နေ​သော အရာတော်ပို့စ်က ရေးသားသည်။​ဖေ​ဖော်ဝါရီ ၂၂ တိုက်ပွဲမှစ၍ စစ်တပ်က ​လေ​ကြောင်းပစ်ကူသုံးခဲ့ပြီး ယ​နေ့တွင်လည်းထပ်သုံး​နေခြင်းဖြစ်သည်။

အရာတော်နယ်၏ လက်ရှိအခြေအနေအား အရာတော်ပကဖအဖွဲ့အပါအဝင် ဒေသတွင်း တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ရန်ကြိုးစား​နေ​သော်လည်းဆက်သွယ်မရ​သေးပါ။ စစ်​ကောင်စီတပ်က အရာ​တော်မြို့နယ်တွင် ဖုန်းလိုင်နှင့်အင်တာနက်လိုင်းများ ဖျက်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

စစ်​ကောင်စီက​ဖေ​ဖော်ဝါရီ ၂၂ ရက်မှ စ၍ အရာ​တော် ၊​ရွှေဘို နှင့်ဝက်လက်မြို့နယ်တို့ကို စစ်အုပ်ချုပ်​ရေးထပ်မံ​ကြေညာခဲ့သည်။ထို​ကြောင့်စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီကစစ်အုပ်ချုပ်​ရေး ​ကြေညာထား​သောမြို့နယ် ၁၂ မြို့နယ် ရှိလာပြီး တစ်န်ုင်ငံလုံးတွင် ၄၇ မြို့နယ်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။