Connect with us

Hi, what are you looking for?

သတင်း

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ်ရပ်တည်ကြောင်း အီးယူထုတ်ပြန်

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ အီးယူရုံး၌ ယူကရိန်းအလံလွှင့်ထူထားစဉ်၊ ဓာတ်ပုံ - EU in Myanmar
ရန်ကုန်မြို့ရှိ အီးယူရုံး၌ ယူကရိန်းအလံလွှင့်ထူထားစဉ်၊ ဓာတ်ပုံ - EU in Myanmar

▪️စစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းသံအမတ် သတိပေး

ယူကရိန်းကို ရုရှားကျူးကျော်စစ် ၁၂ လမြောက် အထိမ်းအမှတ်အဖြစ်် ရန်ကုန်မြို့၌ ယူကရိန်းနိုင်ငံတော်အလံကို ဥရောပသမဂ္ဂက လွှင့်တင်ခဲ့ပြီး မြန််မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ််မတ်ရပ်တည်ကြောင်း ပြသခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။

ယူကရိန်းသံအမတ််ကြီး Oleksander Lysak ကလည်း ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံစဥ် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသခဲ့ပြီး မြန်မာစစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သတိပေးခဲ့ကြောင်း အီးယူက ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ဥရောပသမဂ္ဂသည် အာဏာသိမ်းစစ်ကောင်စီအပေါ် ဆဌမအကြိမ််မြောက်ပိတ်ဆို့ဒဏ်ခတ်မှုအဖြစ် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်သည့် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို အရေးယူချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။