Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာသုံးဦးသေ

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း – ၂၊ တပ်ရင်း ၃၊ တပ်ရင်း – ၄ တို့၏ တပ်ရင်းတပ်ဖွဲ့တပ်ခွဲများ ထိုးစစ်တိုက်နေ၍ အရေးပေါ်လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Force က အသိပေးသည်။

(ဘုတလင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဉ်)
(ဘုတလင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အလစ်ဝင်ရောက်တိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း – ၂၊ တပ်ရင်း ၃၊ တပ်ရင်း – ၄ တို့ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဘုတလင်မြို့ မြန်မာ့စီးပွားရေးဘဏ် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စီးပွားရေးဘဏ်ရှေ့ ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ပြည်သူအယောင်ဆောင်ထားသော စစ်ကောင်စီတပ်သား တစ်ဦး စုစုပေါင်း သုံးဦးပွဲချင်းပြီးသေဆုံးသည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ပြည်သူများကို ပြန်လည်ကယ်ထုတ်ချိန်တွင် ပြည်သူအယောင်ဆောင်ထားသော စစ်ကောင်စီတပ်သားက ပြန်လည်ပစ်ခတ်သဖြင့် PDF ဘက် က အသေးစားဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ရရန် လက်တကမ်းအကွာတွင်ရှိသော်လည်း ပြည်သူများထိခိုက်မည်ကိုစိုးရိမ်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ စီးပွားရေးဘဏ်ကို ကင်းထောက်နေတာကြာပြီ။ သူတို့အများကြီးမရှိဘူး ၅ ယောက် ၆ယောက်ပဲရှိတာ။ ယူနီဖောင်းနဲ့က ၃ယောက် အရပ်ဝတ်နဲ့က ၂ယောက်။ အရပ်ဝတ်ကိုပြည်သူပဲထင်တာ။ ယူနီဖောင်းနဲ့၃ယောက်ကို ဝင်ပစ်တဲ့အချိန်မှာ နှစ်ယောက်ကျတယ်။ တစ်ယောက်ကတော့ရှိတယ်။တစ်ယောက်ကတော့ပြန်ပစ်တယ်။ပြည်သူတွေရှုပ်နေချိန် ရှင်းထုတ်တဲ့အချိန်မှာ ပြည်သူပုံစံဝတ်ထားတဲ့တစ်ယောက်က ပြန်ပစ်တာ။ရဲဘော်တစ်ယောက်တင်ပါးကိုရှပ်မှန်တယ်” ဟု ၎င်းက ပြောသည်။

Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ ပစ်တဲ့အရပ်ဝတ်ကိုပြန်ပစ်တဲ့အချိန်မှာသူလည်းသေတယ်။ လက်နက်တွေကလည်း လမ်းပေါ်မှာပြန့်ကျဲနေတယ်။ အရပ်ဝတ်တွေလည်း များမယ်ထင်လို့ပြန်ဆုတ်ခဲ့လိုက်တာ” ဟု ပြောသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း – ၂၊ တပ်ရင်း ၃၊ တပ်ရင်း – ၄ တို့၏ တပ်ရင်းတပ်ဖွဲ့တပ်ခွဲများ ထိုးစစ်တိုက်နေ၍ အရေးပေါ်လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Force က အသိပေးသည်။

ဘုတလင်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ရက်ကလည်း စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဝင့်တုံရွာအနောက်ဘက်တွင် ဒေသတွင်း PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

Facebook