Connect with us

Hi, what are you looking for?

သတင်း

ကလေးခရိုင်အတွင်း စစ်တပ်က စက်တပ်လေထီးများ အသုံးပြုလာ

စစ်ကိုင်းတိုင်း၊ကလေးခရိုင်အတွင်း စစ်ကောင်စီက အင်ဂျင်တပ်ပါရာမော်တာများဖြင့် စတင် အသုံးပြုလာကြောင်း ကဘော်အထူးဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကလေးခရိုင်အတွင်း ပျံသန်းနေသော စက်တပ် လေထီးတစ်စီးကို ယမန်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ- ပေးပို့

သြဂုတ်-၁၊၂၀၂၅ ။ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ကလေးခရိုင်အတွင်း စစ်ကောင်စီက အင်ဂျင်တပ်ပါရာမော်တာများဖြင့် စတင် အသုံးပြုလာကြောင်း ကဘော်အထူးဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇူလိုင် ၃၁ရက်)တွင် စက်တပ်လေထီးနှစ်စီးသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)မှတဆင့် ကလေးမြို့နယ်တောင်ပိုင်း၌ အသုံးပြုခဲ့ပြီး ဗုံးမကြဲခဲ့သော်လည်း ကင်းထောက်ပျံသန်းခြင်းဟု ဆိုသည်။

” စစ်တပ်လေထီးက ကလေးနယ်ကို ရောက်နေတာ ၃လပိုင်းလောက်ကတည်းက သတင်းရပြီးသားပါ။ အခုက ပထမဆုံးအကြိမ် ထုတ်သုံးလာတာ ဖြစ်ပါတယ်။ကလေးတောင်ပိုင်းမှာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်တောင်ပိုင်းနှင့် ကလေး – ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီတပ် အခြေစိုက်စခန်းများဖြစ်သည့် ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ(အရှေ့၊အနောက်) ၊ ပျူစောထီးစိုးမိုးသော ကြံသာကျေးရွာတို့ကို ယခုနှစ်ဆန်းပိုင်းတွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားခဲ့သည်။

ပြည်သူများအနေဖြင့် စက်တပ်လေထီးကို စူးစမ်း ခြင်းမပြုဘဲ အစုလိုက်နေထိုင်ခြင်းကိုလည်း ရှောင်ရှားရန်လည်း သတိပေးသည်။

“အမှတ်(၁)စစ်ဒေသ၊ ကလေးခရိုင်အတွင်း အင် ဂျင်တပ်ပါရာမော်တာ ၂စီးရောက်ရှိစတင်အသုံးပြုလာပါတယ်။ မိဘပြည်သူများအနေဖြင့် မမြင်ဖူး ၍ဆိုပြီး လမ်းပေါ်ထွက်ကြည့်ခြင်း မျိုး အစုလိုက် ထွက်ကြည့်ခြင်းများကိုရှောင်ရှားကြပါလို့အထူးမေတ္တာရပ်ခံအပ်ပါတယ်”ဟု ကဘော်အထူးဒရုန်းတပ်ဖွဲ့က သီးခြားထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်း၏ အခြေစိုက်စခန်းများ ပတ်ဝန်းကျင်ကိုလည်း ကင်းထောက်ခြင်းနှင့် စစ်ရေးအသုံးစရိတ်အရသက်သာခြင်းတို့ကြောင့် စက်တပ်လေထီးများကို ၂၀၂၅နှစ်ဆန်းကစ၍ ပိုမိုအသုံးပြုလာသည်။

စက်တပ်လေထီးသည် ပျံသန်းချိန်တွင် မီး စက်ကဲ့သို့ ဆူညံသည့်အသံကြားရကာ ပျံသန်းနှုန်းနှေးကွေးပြီး ပွိုင့်ဖိုက်၊ ငါးကြင်းမြီး(ခ)MG 3 ကဲ့သို့ လက်နက်များဖြင့် ပစ်ချနိုင်ကြောင်း စစ် လက်နက်ပစ္စည်းလေ့လာသူများက အသိပေးထားသည်။

စစ်ကောင်စီ၏ စက်တပ်လေထီးတစ်စီးကို ပခုက္ကူ PDFနှင့် Burma Revolution Rangers ( BRR )ရဲဘော်များက ယခုနှစ် ဧပြီ ၂၃ရက်က ပစ်ချ ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။