Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ကျေးရွာအချို့မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်

ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှစစ်ကြောင်း သုံးခုဖြင့် ထိုးနေခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် မီးရှို့ခဲ့သောဆိုင်ကယ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ခဲ့သောဆိုင်ကယ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံး ခုးဖြင့် စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှစစ်ကြောင်း သုံးခုဖြင့် ထိုးနေခြင်းဖြစ်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက်ပိုင်းက ဝက်လက်အနောက်ခြမ်း စစ်ကြောင်းသည် တည်တောရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင် မုဆိုးခြုံဘူတာကိုမီးရှို့ဖျက်ဆီးခဲ့သည်။

မုဆိုးခြုံရွာနေ အမျိုးသားတစ်ဦးကိုလည်း အဆိုပါ စစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“သူ(သေဆုံးသူ)က စစ်ကြောင်းလာတာကို ရှောင်ချိန်မရလိုက်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့(မတ်လ ၁ရက်)နံနက် ၉ နာရီခွဲခန့်တွင် ဘင်တဲကုန်းကျေးရွာနှင့် အောင်ချမ်းသာရွာတို့ကို လက်နက်ကြီး၊ လက်နတ်ငယ်များဖြင့် ပစ်ခက်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုတို့ ထိတွေ့ပစ်ခတ်မှုအနည်းငယ်ဖြစ်ခဲ့ပြီး မိုင်းခွဲတိုက်ခိုက်မှုအချို့ရှိကြောင်း ​GZ Special Task Foce-Wetlet ၏ တာဝန်ခံ ကိုဂျီဇတ်က ပြောကြားသည်။

“စစ်ကြောင်းထိုးတာနှစ်ရက်လောက်ပဲရှိသေးတယ်။ စစ်အုပ်ချုပ်ရေးကြေညာပြီးမှ အင်အားတစ်ရာကျော်စီနဲ့ စစ်ကြောင်း သုံးကြောင်းထိုးနေတာ။ ထိတွေ့ပစ်ခတ်တာ မိုင်းဆွဲတာတွေရှိတယ်။”ဟု GZ Special Task Foce-Wetlet၏ တာဝန်ခံ ကိုဂျီဇတ်က ပြောသည်။

စစ်ကောင်စီတပ်က အရာတော် ရွှေဘိုနှင့် ဝက်လက် မြို့သုံးမြို့ကို စစ်အုပ်ချုပ်ရေး နယ်မြေ သုံးခု အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က ထပ်တိုးသတ်မှတ်ကြောင်းကြေညာခဲ့ပြီးနောက် စစ်ကြောင်းထိုးမီးရှို့မှုများ ပိုမိုပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။