Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းမှုအောက်တွင် မြန်မာ့စီးပွားရေးနှေးကွေးနေဆဲဟု IMF ထုတ်ပြန်

၂၀၂၃တွင်ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု IMFကဆိုထားသည်။

(စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း လျှပ်စစ်မီပြတ်​တောက်မှု ပြသာနာဆိုးရွားလာ​နေသည်။ဓါတ်ပုံ-AFP)
(စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း လျှပ်စစ်မီပြတ်​တောက်မှု ပြသာနာဆိုးရွားလာ​နေသည်။ဓါတ်ပုံ-AFP)

စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွား​ရေးဆိုးဝါးစွာကျဆင်းခဲ့​သော မြန်မာနိုင်ငံသည် ၂၀၂၃ခုနှစ်တွင်လည်းစီးပွားရေးတိုးတက်မှုနှေးကွေးနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာနိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ယနေ့ထုတ်ပြန်သောအစီရင်ခံစာတွင်ဖော်ပြထားသည်။

IMF၏ ခန့်မှန်းတွက်ချက်မှုများအရ စီးပွား​ရေးတိုးတက်နှုန်းသည် ၂၀၁၈တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၉ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ကိုဗစ်ဖြစ်ခဲ့​သော ၂၀၂၀ခုနှစ်တွင် စီးပွားရေးတိုးတက်နှုန်းမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သည်။ထို​ကြောင့် စစ်တပ်အာဏာမသိမ်းခင် ​​အရပ်သားအစိုးရလက်ထက် ၂၀၂၀ ၌ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ဖြစ်ခဲ့​သော်လည်း နောက်ဆုံး ၃ နှစ်တွင် ပျမ်းမျှ စီးပွား​ရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်း​ကျော်ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ၂၀၂၁၌ စီးပွားရေးတိုးတက်နှုန်းသည် ၁၇ ဒသမ ၉ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့သည်။ ၂၀၂၂ တွင်လည်း အာဏာသိမ်းမှု​နောက်ဆက်တွဲနိုင်ငံ​ရေး ၊စီးပွား​ရေး ပြသာနာများ​ကြောင့် ကမ္ဘာ့ဘဏ်ကပင်မြန်မာ့စီးပွား​ရေးကို မခန့်တက်​တော့​ကြောင်းထုတ်ပြန်ခဲ့သည်။

၂၀၂၁ တွင် ၁၈ ရာခိုင်နှုန်းကျဆင်းထားရာမှ ၂၀၂၃တွင်ကျဆင်းခဲ့​သောအ​ခြေအ​နေနှင့်နှိုင်းယှဥ်လျှင် ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာနိုင်သည်ဟု IMFကဆိုသည်။

Public Service Announcement

Public Service Announcement

“စီးပွားရေးတိုးတက်မှု အနှုတ်လက္ခာပြရာကနေ ပြန်တက်လာတယ်ဆိုရပေ့မယ်။ စီးပွားရေးတိုးတက်မှုနှေးကွေးနေဆဲလိုဆိုရမယ်။ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ မဖြစ်နိုင်သေးဘူး”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်အုပ်စုအာဏာသိမ်းထား​သောမြန်မာနိုင်ငံတွင်စီးပွား​ရေးကျဆင်း​နေသဖြင့် လုပ်ငန်းလည်ပတ်ရန်အခက်အခဲ​ကြောင့် ဆွစ်ဇာလန်နိုင်ငံမှ ကမ္ဘာ​ကျော်စား​သောက်ကုန် ထုတ်လုပ်​သော Nestle ကုမ္ပဏီက လုပ်ငန်းများရပ်နား၍ ပြန်​တော့မည်ဟု ​ကြေညာပြီး ၂ ရက်အကြာ၊ ဗြိတိန်အခြေစိုက်နာမည်ကျော် Primark အဝတ်အထည်ကုမ္ပဏီကြီး မြန်မာနိုင်ငံမှာ အထည်အပ်နှံမှုများကို ရပ်ဆိုင်းလိုက်ပြီးနောက် ရွှေပြည်သာ တွင်ရှိ​သောအထည်ချုပ် စက်ရုံ ၂ ရုံပိတ်သိမ်းလိုက်ရသဖြင့် အလုပ်သမား ၂,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွား၍ ဒုက္ခများ​နေချိန်တွင်IMF က ၂၀၂၃ မှာ ၂၀၂၁နှင့် နှိုင်းယှဥ်လျှင် စီးပွား​ရေးအနည်းငယ်ဖွံ့ဖြိုးလာသည်ဟုထုတ်ပြန်လာခြင်းဖြစ်သည်။

လာမည့် ၂၀၂၄တွင်လည်းစီးပွားရေးတိုးတက်နှုန်းမှာဆက်လက်နှေးကွေးနေဦးမည်ဖြစ်ကြောင်းလည်းIMF ကခန့်မှန်းထားသည်။

IMF၏ ထုတ်ပြန်သည့် ညွန်းကိန်းများသည့် စစ်ကောင်စီက ထုတ်ပြန်သည့် အတုအယောင် ကိန်းဂဏန်းများကို အခြေခံတွက်ချက်ထားခြင်းကြောင့်ဖြစ်ပြီး မြေပြင်တွင် စီးပွားရေးလုပ်ငန်းများမှာ လုပ်ငန်းလည်ပတ်နိုင်ရန်ပင် ရုန်းကန်နေရသည်ဟု စီးပွားရေးဆိုင်ရာ အကြံပေးကုမ္ပဏီတစ်ခု၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးကလည်းပြောသည်။

စစ်​ကောင်စီ ထုတ်ပြန်​သောကိန်းဂဏန်းများကို အ​ခြေခံတွက်ချက်ထား​သည့်တိုင် အိမ်နီးနိုင်ငံများဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ဗီယက်နမ်နိုင်ငံတို့နှင့်နှိုင်းယှဥ်ပါ လွန်စွာနည်းပါးနေသည်ကို​တွေ့ရသည်။

၂၀၂၃တွင်ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု IMFကဆိုထားသည်။

စစ်တပ်အာဏာသိမ်းထား​သောကာလတွင် ​ငွေ​ကြေး​ဖောင်းပွမှုနှုန်းများမြင့်တက်​နေသလို ၊ ကုန်​ဈေးနှုန်းကြီးမြင့်ခြင်းနှင်ြလျှပ်စစ်မီးပျက်​သောပြသာနာ ၊အလုပ်လက်မဲ့များပြားလာခြင်း ၊ရာဇဝတ်မှုများထူ​ပြောခြင်း ၊ အဂတိလိုက်စားမှုများပြားခြင်း ၊ အညာ​ကျေးရွာများကိုစစ်တပ်က မီးရှို့​နေအကြမ်းဖက်​နေသဖြင့် ​တောင်ယာမလုပ်နိုင်ဘဲ ထွက်​ပြေး​နေရခြင်း စ​သောပြသာနာများစွာကိုကြုံ​တွေ့​နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာက ဝင်ထမ်းလာရပါတယ်။

သတင်း

ပြည်တွင်း​နေထိုင်သူ ၈၀၀​ကျော်​မေးထားတဲ့စ​စ်တမ်းရဲ့အစိုးရိမ်ရဆုံးတွေ့ရှိချက်မှာဖြေဆိုသူအားလုံးနီးပါးမျှော်လင့်ချက်ပျောက်ဆုံးဟုခံစား​နေကြရ

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။