Connect with us

Hi, what are you looking for?

သတင်း

ရောင်နီလာရာလမ်းရုပ်ရှင် ရန်ပုံငွေ သိန်းနှစ်ထောင်ကျော်ရပြီဟုဆို

ဖေဖော်ဝါရီ လအတွင်း၌ ဂျပန်၊ အမေရိကန်၊ နယ်သာလန်၊ ကနေဒါ၊ ဆွီဒင်နှင့် ဂျမေကာ နိုင်ငံတို့၌ ရုံတင်ပြသခဲ့ပြီး ရန်ပုံငွေ သိန်းနှစ်ထောင်ကျော်ရရှိခဲ့ခြင်းဖြစ်သည်။

ရောင်နီလာရာလမ်းရုပ်ရှင် ရန်ပုံငွေ သိန်းနှစ်ထောင်ကျော်ရပြီဟုဆို
ရောင်နီလာရာလမ်းရုပ်ရှင် ရန်ပုံငွေ သိန်းနှစ်ထောင်ကျော်ရပြီဟုဆို

ရောင်နီလာရာလမ်း ရုပ်ရှင်ကို ဖေဖော်ဝါရီလအတွင်း နိုင်ငံခြောက်နိုင်ငံ၌ ပြသခဲ့ရာ ရန်ပုံငွေ သိန်း နှစ်ထောင်ကျော်ရရှိခဲ့ကြောင်း ယင်းဇာတ်ကားဖန်တီးသူ ကိုပေါက်က ပြောသည်။

‌ယင်းရုပ်ရှင်ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဂျပန်နိုင်ငံ၌ စတင်ရုံတင်ပြသခဲ့ခြင်းဖြစ်ပြီး ပထမဆုံးပွဲတွင် ရန်ပုံငွေ သိန်း ကိုးရာကျော်ရရှိခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ လအတွင်း၌ ဂျပန်၊ အမေရိကန်၊ နယ်သာလန်၊ ကနေဒါ၊ ဆွီဒင်နှင့် ဂျမေကာ နိုင်ငံတို့၌ ရုံတင်ပြသခဲ့ပြီး ရန်ပုံငွေ သိန်းနှစ်ထောင်ကျော်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းရုပ်ရှင်သည် ဒါရိုက်တာကိုပေါက်၏ တော်လှန်ရေးသမားဘဝ ပုံရိပ်များကို မှတ်တမ်းပုံစံရိုက်ကူးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မတ်လအတွင်း နယူးယောက်၊ လန်ဒန်၊ ဆစ်ဒနီ စသည့် မြို့များတွင် ဆက်လက်ပြသမည်ဖြစ်ပြီး မတ်နှင့် ဧပြီလအတွင်း အာရှ၊ ဥရောပ၊ အမေရိကန်၊ ဩစတေးလျ စသည့် နေရာများရှိ မြို့ပေါင်း ၂၀ ကျော်တွင်ပြသမည်ဟု ကိုပေါက်ကအသိပေးထားသည်။

ယင်းရုပ်ရှင်ကို အားပေးသည့် ပရိသတ်များအတွက် ဒါရိုက်တာကိုပေါက် ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီကားများကို လက်ဆောင်ပေးရန် အစီအစဉ်ရှိပြီး လက်ဆောင်ပေးမည့်ပွဲစဉ်များကို ၎င်းတို့၏ ပေ့ခ်ျများမှ ကြေညာပေးမည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်းက ဒါရိုက်တာကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို နိုင်ငံပေါင်း ၂၀ ကျော်ရှိ ရုပ်ရှင်ရုံ ၆၀ ကျော်၌ ပြသခဲ့ရာ ရန်ပုံငွေ သိန်းတစ်သောင်းကျော်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။