Connect with us

Hi, what are you looking for?

သတင်း

ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်းအပါအဝင် ၄ ဦးကို NLD ပါတီထုတ်ပယ်

ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်ကတော့ နေပြည်တော်အချုပ်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စီစဉ်ပေးမှုနဲ့ သွားတွေ့ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပါသေးတယ်။

NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း
NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း

ပါတီရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကိုဆန့်ကျင်ပြီး လူထုဆန္ဒကို မလေးစားလို့ဆိုကာ ဦးဖြိုးမင်းသိန်း ၊ဒေါ်စန္ဒာမင်းအပါအဝင် ၄ ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD က ဒီနေ့ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။

ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်း ၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း ၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ ဖြစ်တယ်လို့ NLD ရဲ့ကြေညာချက်မှာတွေ့ရပါတယ်။

NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း
NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း

ဒီလိုအရေးယူရတာဟာ ပါတီရဲ့အပတ်စဉ် ပုံမှန်အစည်းအဝေးတွေမှာ တက်ရောက်တဲ့ ဗဟိုကော်မတီဝင်တွေ ၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ ၊ ဗဟိုရေးရာကော်မတီဝင်တွေက ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် သက်သေထွက်ဆိုသူတွေနဲ့ ပါတီရဲ့မူဝါဒကို ဆန့်ကျင်နေသူတွေအပေါ်.အရေးယူပေးဖို့ တင်ပြလာတာကြောင့်လည်း ဖြစ်တယ်လို့ NLD ကဆိုထားပါတယ်။

ဦးဖြိုးမင်းသိန်းဟာ စစ်ကောင်စီဘက်ကနေ သက်သေထွက်ဆိုပေးသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်ကတော့ နေပြည်တော်အချုပ်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စီစဉ်ပေးမှုနဲ့ သွားတွေ့ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပါသေးတယ်။

ဒီသတင်းတွေအပေါ် ဒေါ်စန္ဒာမင်းရော ဦးတိုးလွင်ပါ ပြန်လည်ဖြေရှင်းတာမျိုးမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။