Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းချပေးခဲ့သည့် Yangon Petrolဆီဆိုင်မြေကွက်များကိုစစ်ကောင်စီပြန်သိမ်း

Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြု​ပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

(ရန်ကုန်မြို့ သာ​ကေတရှိ Yangon Petrol စက်သုံးဆီဆိုင်။ ဓါတ်ပုံ-CJ)
(ရန်ကုန်မြို့ သာ​ကေတရှိ Yangon Petrol စက်သုံးဆီဆိုင်။ ဓါတ်ပုံ-CJ)

​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက Yangon Petrol ကုမ္ပဏီအား ချထားပေးခဲ့သည့် ဆီဆိုင်မြေကွက်များကို စစ်ကောင်စီက ပြန်လည်သိမ်းလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ဖော်ပြထားသည်။

Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြု​ပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

“လက်စားချေ နိုင်ငံရေးကို စစ်တပ်ကအကောင်အထည်ဖော်နေတာ။ဒါကြောင့်အရင်အစိုးရလုပ်သမျှကိုအကုန်လုံးပြောင်းပြန်လှန်နေတာ”ဟုရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မရမ်းကုန်မြို့နယ်တွင်မြေ ၃ဒသမ ၇ ဧကရှိသည့် မြေကွက်၊ သင်္ဃန်းကျွန်းမြို့နယ် မြေ ၀ ဒသမ ၆၉၉ ဧကရှိသည့်မြေကွက်၊ တောင်ဒဂုံမြို့နယ် စုစုပေါင်းမြေဧက ၆၈ ဧကကျော်ရှိသည့် မြေကွက် ၃ကွက်နှင့် ဒလမြို့နယ်ရှိ မြေတစ်ဧကခွဲခန့်ရှိမြေကွက် စသည်တို့ပါဝင်သည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

Yangon Petrol ကုမ္ပဏီက အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံပိုင်မြေ ၂၆ ကွက်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နှုန်းဖြင့် အမည်ပေါက် ဝယ်ယူခွင့်ရရှိခဲ့ပြီးနောက်ဂရန့်အမည်ပေါက်ရရှိခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထိုသို့ နိုင်ငံပိုင်ကို မြေကွက်ကို ရောင်းချခဲ့ခြင်းကြောင့်ကျပ် သန်း ၄၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးဟံထွန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တွဲဖက်အတွင်းရေးမှူး ဦးသန်း တို့ကိုအဂတိလိုက်စားသည်ဟုစွပ်စွဲကာအမှုဖွင့်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

Facebook