Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများအား လက်နက်ခဲယမ်းများ တိုးမြှင့်ဖြည့်တင်းပေးနေကြောင်း တောင်ပိုင်းစစ်ဒေသ အသိပေး

ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က သဝဏ်လွှာပေးပို့ခဲ့ကြောင်း အသိပေးထားပြီး သဝဏ်လွှာပါအချက်များကို ဖော်ပြမထားပေ။

(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)
(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်က ကျင်းပခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်းများသည် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်မှုများတွင် ရဲဘော်များသည် Chain of Command ပိုမိုအားကောင်းလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ရဲဘော်များ၏ တိုက်ခိုက်ရေးစွမ်းရည်ပိုမိုကောင်းမွန်လာစေရန် မွမ်းမံသင်တန်းများသင်ကြားပေးခြင်းနှင့် လက်နက်၊ ခဲယမ်းများကို တိုးမြှင့်ကာ ဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)
(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ)

ထို့ပြင် အရပ်သားပြည်သူများနှင့် စစ်ရေးလှုပ်ရှားမှုများတွင် Code of Conduct များကို လိုက်နာကာ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတို့အတွက် တရားသောစစ်ကို ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က သဝဏ်လွှာပေးပို့ခဲ့ကြောင်း အသိပေးထားပြီး သဝဏ်လွှာပါအချက်များကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

ERO နယ်မြေအတွင်းရှိ နယ်မြေခံ တာဝန်ရှိသူ များနှင့် ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူများက ရဲဘော်များအား အမှာစကားပြောကြားခဲ့သည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် ဂုဏ်ပြုဆုငွေ (၁၀) သိန်းကျပ်ကို ပေးအပ်ခဲ့ပြီး မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များကိုလည်း ဆုချီးမြှင့်ခဲ့သည်ဟု ထုတ်ပြန်သည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအဝင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)မှ စစ်ရေးတာဝန်ခံနှင့် စစ်ထောက်တာဝန်ခံတို့လည်း တက်ရောက်ခဲ့ကြကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။