Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် အိမ်စီးကားဖြင့်လာသော စစ်‌ကောင်စီတပ်သားများအားတိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

မိုင်းထိပြီးမကြာမီ စစ်ကား သုံးစီးထပ်မံရောက်ရှိလာပြီး ပျက်စီးသွားသော ယာဥ်နှင့် သေဆုံးစစ်သားအလောင်းများအား လာရောက်သယ်ယူသွားကြောင်း သိရသည်။

(အာဏာသိမ်းကာလက မြင်းခြံမြို့ပေါ်တွင် ပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်​ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(အာဏာသိမ်းကာလက မြင်းခြံမြို့ပေါ်တွင် ပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်​ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ဆီမီးခုံလမ်းပိုင်းတွင် အိမ်စီးကားနှစ်စီးဖြင့်လာသောစစ်ကောင်စီတပ်သားများအား မိုင်းငါးလုံးဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(မတ်လ ၅ ရက်) ည ၁၁နာရီ မိနစ် ၄၀ခန့်က ကြည်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်နှစ်စီးကို မြင်းခြံ-ဆီမီးခုံလမ်းပေါ် ကတောရွာနှင့် ရွာရှည်ရွာကြား၌ မိုင်းငါးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရှေ့မှမောင်းနှင်လာသည့် အာရာဖက် အမျိုးအစားယာဥ် မိုင်းထိမှန်ကာ လမ်းပေါ်တွင် ထိုးရပ်သွားခဲ့ကြောင်း၊ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း အတွင်းသတင်းအရအတည်ပြုသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကြည်ရွာကနေ မြင်းခြံမြို့ကိုပြန်တာပါ။ စစ်ကြောင်းရှိလို့ ကူးနေကြတာ။ ကြည်ရွာမှာ အထိုင်ချပြီး မြစ်အနောက်ဖက် မြောင်နယ်ထဲ စစ်ကြောင်းထိုးနေကြတာ။ ရှေ့က အာရာဖက်ကား လေးကောင်ခန့်၊ နောက်က ဖိုးဝှီးကား ‌ခြောက်ကောင်ခန့်ပါတယ်။”ဟု နောင်ရိုးအထူးပြောက်ကျားတပ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နောက်မှပါလာသော ယာဥ်ပေါ်မှ စစ်ကောင်စီတပ်သားများက သေနက်လေးငါးချက်ခန့် ပစ်ဖောက်ခဲ့သော်လည်း ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်က အသိပေးသည်။

မိုင်းထိပြီးမကြာမီ စစ်ကား သုံးစီးထပ်မံရောက်ရှိလာပြီး ပျက်စီးသွားသော ယာဥ်နှင့် သေဆုံးစစ်သားအလောင်းများအား လာရောက်သယ်ယူသွားကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်းအမှတ် – (၆)တပ်ခွဲ၊ (၁) နောင်ရိုးအထူးပြောက်ကျားတပ်-NY SGFနှင့် မြင်းခြံခရိုင်တပ်ရင်းအမှတ် – (၁) 27 Revolution Force ညီနောင်နှစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။