Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ် ကလုံရွာကို အကြမ်းဖက်စစ်အုပ်စု မီးတင်ရှို့နေ

မတ်လ ၅ ရက်ကလည်း ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအနီးတွင် အသက် (၁၂)နှစ်အရွယ် မောင်ချစ်ရင်ထူးသည် နွားကျောင်းနေရာ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး နေအိမ်တစ်ခုရှိ အုတ်ကန်ပေါ်တင်ထားရာ မတော်တဆ လွတ်ကျရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️စစ်ဘေးရှောင် အဘွားအိုတစ်ဦး အအေးမိသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကလုံကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီးအသက်(၉၀) ကျော် စစ်ဘေးရှောင် အဘွားအိုတစ်ဦး အအေးမိသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မတ်လ ၆ရက်)က ရေဦးမြို့နယ် အောင်သာယာ ပျူစောထီးကျေးရွာမှ ခင်ဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ညပိုင်းတွင် ကလုံကျေးရွာ၌ ညအိပ်၍ ယနေ့နံနက်တွင် ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းရန်ကြောင့် သရက်ကုန်းကျေးရွာမှ အသက်(၉၀)ကျော် အဖွားအိုတစ်ဦးသည် စစ်ရှောင်ရင်း အအေးမိ၍ ယနေနံနက်ပိုင်းတွင် သေဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များစွာ ပါဝင်နေပြီး အခက်အခဲများစွာဖြင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သာ ၈,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ် မုံလှကျေးရွာနေ သမီးငယ်တစ်ဦးလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရပြီးအမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“အခုစစ်ကြောင်းဟာ ဖေဖော်ဝါရီလ တစ်လလုံးလုံး ခင်ဦးနယ်အရှေ့မြောက်ဘက်ခြမ်း ၊ တောင်ဘက်ခြမ်း ၊ အနောက်ဘက်ခြမ်းရွာတွေကို ပထမအကြိမ် စစ်ကြောင်းထိုးဝင်ရောက် နေအိမ်များကို မီးရှို့ဖျက်ဆီး၊ပြည်သူပိုင်ပစ္စည်းများကိုခိုးယူ၊လူသတ်ခဲ့ကြပြီး ရေဦးတပ်ထဲကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည်ဝင်ရောက်လာတာပါ။ အခုဒုတိယအကြိမ် ရေဦးနယ်မြောက်ဘက်ခြမ်းကနေ ခင်ဦးနယ်အနောက်ခြမ်းသို့ ထပ်ဝင်နေတယ်။”ဟု Peoples Defense Comrade မှ ပကဖရဲဘော် ထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

မတ်လ ၅ ရက်ကလည်း ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအနီးတွင် အသက် (၁၂)နှစ်အရွယ် မောင်ချစ်ရင်ထူးသည် နွားကျောင်းနေရာ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး နေအိမ်တစ်ခုရှိ အုတ်ကန်ပေါ်တင်ထားရာ မတော်တဆ လွတ်ကျရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၃ ဇန်နဝါရီရ၃၁ ရက်အထိ စစ်ကိုင်းအတွင်း အိမ်ပေါင်း ၄၃,၂၉၂ လုံးအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

သတင်း

မတ်-၁၉၊ ၂၀၂၅။ ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဓားပြတိုက်မှုနဲ့ ဖမ်းဆီးလာတဲ့ တရားခံတစ်ဦး ကားတံခါးဖွင့် ပြေးကာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ သစ်၊ ဝါးရောင်းဝယ်ရေး လုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့ နေအိမ်ကို...