Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်မှာ တိုက်ပွဲကျန် ဗုံးသီးကျည်ဖူးပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦးသေဆုံး

နွားကျောင်းသွားရင်း တောတွင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ၇၉ ဗုံးသီးပစ်လောင်ချာကျည်ဖူးကို ကောက်ယူလာခဲ့ပြီး နေအိမ်က အုတ်ကန်ပေါ် တင်ထားရာကနေ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွားတာလို့သိရပါတယ်။

ခင်ဦးမြို့နယ်မှာ တိုက်ပွဲကျန် ဗုံးသီးကျည်ဖူးပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦးသေဆုံး
ခင်ဦးမြို့နယ်မှာ တိုက်ပွဲကျန် ဗုံးသီးကျည်ဖူးပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်ဝင်စီးချိန်ကမပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ဗုံးသီးပစ်လောင်ချာကျည်ကို အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး ကောက်ယူလာရာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့ မတ်လ ၅ ရက် နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးထံကသိရပါတယ်။

သေဆုံးခဲ့ရတဲ့ ကလေးငယ်ဟာ ခင်ဦးမြို့နယ် ၊ အလယ်ရှိုကျေးရွာနေ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူးဖြစ်ပါတယ်။

နွားကျောင်းသွားရင်း တောတွင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ၇၉ ဗုံးသီးပစ်လောင်ချာကျည်ဖူးကို ကောက်ယူလာခဲ့ပြီး နေအိမ်က အုတ်ကန်ပေါ် တင်ထားရာကနေ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ကလေးငယ် ဟာ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကဆိုထားပါတယ်။

အလားတူဖြစ်ရပ်ဆိုးဟာ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်ကဖြစ်ပွားခဲ့တာရှိပါတယ်။

ရင်ပေါင်တိုင်ရွာကို စစ်တပ်ဝင်စီးချိန် မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ၄၀ မမ ဗုံးသီးကျည်ကိုဆော့ကစားရာကနေပေါက်ကွဲမှုဖြစ်ပြီး အသက် ၅ နှစ်အရွယ် နဲ့ ၁၀ လသားအရွယ် ကလေး ၂ ဦးသေဆုံးခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ ၃ ပုံ ၁ ပုံကျော်ဟာ ကလေးငယ်တွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။