Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရသူများအတွက် အနက်ရှိုင်းဆုံးစာနာမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို NUG ဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရသည် UNHCR၊ နိုင်ငံတကာမိတ်ဖက်များ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းများနှင့်အတူ ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

(ဘဂ်လားဒေ့ရှ် Cox’s Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းမတ်လ ၅ ရက်ကမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-Getty Images)
(ဘဂ်လားဒေ့ရှ် Cox’s Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းမတ်လ ၅ ရက်ကမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-Getty Images)

ဘဂ်လားဒေ့ရှ် Cox’s Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်မတ်လ ၅ ရက်က မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် ရိုဟင်ဂျာအိမ်ထောင်စုများအတွက် အနက်ရှိုင်းဆုံးစာနာမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ် ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် UNHCR၊ နိုင်ငံတကာမိတ်ဖက်များ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းများနှင့်အတူ ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

“မတ်လ (၅) ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်း အမှတ် (၁၁) အကြီးအကျယ် မီးလောင်ကျွမ်းလို့ အိမ်ခြေ ၂၀၀၀ ကျော် မီးထဲ ပါသွားတဲ့ သတင်း ဖတ်ရတဲ့အပေါ် ကျွန်တော့်အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အညာဒေသမှာလည်း နေ့စဉ်လိုလို ရွာမီးရှို့ခံရတဲ့ သတင်းတွေကလည်း ကြားသိနေရလို့ ကျွန်တော် အတော်ဝမ်းနည်းမိပါတယ်။ လူသားဆန်တဲ့ စိတ်မှာ လူသားတွေ ဒုက္ခနဲ့ ကြုံတဲ့အခါ စိတ်ထဲ ထိခိုက်ခံစားရတာ အမှန်ပါပဲ။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံးလည်း ကျွန်တော်နဲ့ ထပ်တူ ဝမ်းနည်းကြလိမ့်မယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့ အနေနဲ့ လူသားချင်းစာနာတဲ့ စိတ်ထားတွေနဲ့ တော်လှန်ရေးကို ရှေ့ဆက်ကြရပါလိမ့်မယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန့်ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောသည်။

(ဘဂ်လားဒေ့ရှ် Cox’s Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းမတ်လ ၅ ရက်ကမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-Getty Images)
(ဘဂ်လားဒေ့ရှ် Cox’s Bazar ရိုဟင်ဂျာဒုက္ခသည်စခန်းမတ်လ ၅ ရက်ကမီး​လောင်ကျွမ်း​နေမှု။ ။ဓါတ်ပုံ-Getty Images)

NUG သည် ရိုဟင်ဂျာဒုက္ခသည်များအတွက် ရေတိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးကြိုးပမ်းဆောင်ရွက်နေစဉ်တွင် ၎င်းတို့၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်နိုင်ရန်နှင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ နေရပ်များသို့ ဘေးကင်းလုံခြုံ၍ ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ပြန်လည်နေထိုင်နိုင်ရေးအား ကူညီဆောင်ရွက်ပေးနိုင်ရန်တို့အတွက် ရေရှည်ဖြေရှင်းနည်းတစ်ခုကို လိုအပ်ကြောင်းအသိအမှတ်ပြု လက်ခံကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း ရေရှည်နိုင်ငံရေးအဖြေရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ချုပ်ငြိမ်းပပျောက်ရေး၊ တည်ငြိမ် အေးချမ်းမှုနှင့် ဒီမိုကရေစီအရပ်ဘက်အုပ်ချုပ်မှု ပြန်လည်ရရှိရေးပင် ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

ထို့အပြင် NUG သည် အားလုံးပါဝင်သည့် ပြည်သူကိုဗဟိုပြုသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလမ်းပြမြေပုံ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ၂၀၂၁ ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့်ပတ်သက်သည့် မူဝါဒ ရပ်တည်ချက်ကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်း၍ ကတိပြုကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။