Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ(၂၇)ရက် က စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှနေ၍ စစ်တပ်ကလက်နက်ကြီး(၆)ချက်ခန့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ
လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ

ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်အတွင်း လက်နက်ကြီးရန်ကြောင့် ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့် နေအိမ်(၅)လုံးထက်မနည်း မီးလောင်ပြာကျ ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာပေါင်း(၆)ရွာမှ ဒေသခံပြည်သူ(၃၀၀၀)ကျော် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ(၂၇)ရက် က စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှနေ၍ စစ်တပ်ကလက်နက်ကြီး(၆)ချက်ခန့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ
လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ

ထို့အပြင် ဖေဖေါ်ဝါရီလ(၂၈)နေ့တွင်လည်း စစ်တပ်က ကျေးရွာနှစ်ရွာအတွင်း လက်နက်ကြီး(၄)ချက်ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးမီးလောင်ပြာကျခဲ့ပြန်သည်။ အလားတူ မတ်လ(၁)ရက်၊ (၂)ရက်နှင့် (၄)ရက်တို့တွင်လည်း နောက်ကျေးရွာနှစ်ရွာကို လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ပြီး နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ
လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ

ယင်းကဲ့သို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ကျီးပင်စု၊ လိန်ပင်ဝဲ၊ သစ်ဖရောင်းတန်း၊ ဝဲမှူး၊ ကျည်စုနှင့် အလယ်ကျွန်းကျေးရွာ စသည့် ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူလူထု(၃၁၇၄)ဦး နေရပ်စွန့်ခွာပြီး ဘေးလွတ်နေရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement
Public Service Announcement

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူလူထုများအတွက် ကေအဲန်ယူ-လယ်ဒိုမြို့နယ် တာဝန်ရှိသူများမှ ဆေးဝါး၊ အမိုးအကာများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များစွာရှိနေသေးကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ
လက်နက်ကြီးရန်ကြောင့် ကော်သူးလေနယ်မြေထဲ ကျေးရွာ ၆ ရွာ ရွာလုံးကျွတ်ထွက်ပြေးနေရ

ကရင်ငြိမ်းချမ်းရေးကွန်ယက်(KPSN)၏ ထုတ်ပြန်ထားချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ(၃)တွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရေးဆောင်ရွက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူဦးရေ(၁၄၂၈၆၁)ဦးရှိပြီး ကေအဲန်ယူနယ်မြေအတွင်းတွင် စစ်ဘေးရှောင်ဦးရေအများဆုံးရှိသော ခရိုင်တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။