စင်ကာပူရဲ့ Keppel Land ကုမ္ပဏီနဲ့ လက်အောက်ခံ လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ Double Peak Holdingsတို့ဟာရန်ကုန်က စီဒိုးနားဟိုတယ်က သူတို့ရဲ့အစုရှယ်ယာတွေကို ဒေါ်လာ ၅၇ သန်းကျော်နဲ့ရောင်းချမယ်လို့ထုတ်ပြန်ပါတယ်။
သူတို့နှစ်ခုကGreenfield Developmentမှာ ပါဝင်တဲ့ ရှယ်ယာအားလုံးကို ပြန်လည် ရောင်းချတော့မယ်လို့ ထုတ်ပြန်တာပါ။Greenfield Developmentကို Straits Greenfield ကုမ္ပဏီက အလုံးစုံ ပိုင်ဆိုင်ထားပြီး မြန်မာ
နိုင်ငံမှာ စီဒိုနားဟိုတယ်ကိုတည်ဆောက်ပြီးလုပ်ငန်း လည်ပတ်ခွင့် ရရှိထားပါတယ်။ အဲခုအဲဒီပရောဂျက်ထဲက မြှုပ်နှံမှု ရှယ်ယာ အားလုံးကို အမေရိကန်ဒေါ်လာ ၅၇.၄ သန်းနဲ့ Spring Blossom Venturesကုမ္ပဏီကိုလက်လွှဲ ရောင်းချဖို့ Keppel Landက ဆုံးဖြတ်ခဲ့တာပါ။
Spring Blossom Venturesကုမ္ပဏီဟာအိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့အခြေစိုက် ကုမ္ပဏီတခုဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement
လျာထား ငွေပမာဏဖြစ်တဲ့ ဒေါ်လာ ၅၇.၄ သန်းဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းက တွက်ချက်ထားတဲ့ Greenfield Developmentရဲ့ အသားတင် ပိုင်ဆိုင်မှု တန်ဖိုးထက် ပိုများတယ်လို့ Kepple Land’sရဲ့ မိခင် လုပ်ငန်းစုကြီးဖြစ်တဲ့ Keppel Corpက အခုသီတင်းပတ် အစောပိုင်းမှာ ကြေညာပါတယ်။
အခုလွှဲပြောင်း ရောင်းချမှု ကိစ္စဟာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ နှစ်ဝက်အတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပြီး အဲဒီနောက်ပိုင်းမှာ Greenfield Developmentရော၊ Straits Greenfieldတို့ပါ Keppel Corpရဲ့ လက်အောက်ခံ လုပ်ငန်းတွေအဖြစ် ဆက်လက် ရပ်တည်တော့မှာ မဟုတ်တော့ဘူးလို့ဆိုပါတယ်။
အဲဒီ အရောင်းအဝယ် ကိစ္စကြောင့် အခုဘဏ္ဍာရေး နှစ်အတွင်း Keppel Coorpရဲ့ အသားတင် ပိုင်ဆိုင်မှု တန်ဖိုးနဲ့ ရှယ်ယာတန်ဖိုးမှာ သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိမလာနိုင်ဘူးလို့တော့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ Keppel Corpရဲ့ ရှယ်ယာ တန်ဖိုးက အနည်းငယ် တက်ရိပ်ပြပြီး ၅.၄၆ နဲ့ စာရင်းပိတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာနိုင်ငံခြားကုမ္ပဏီတွေ ဆက်တိုက်နှုတ်ထွက်နေတာဟာ စစ်တပ်အာဏာသိမ်းမှုရဲ့ ဆိုးကျိုးတစ်ခုဖြစ်ပြီးတော့နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ရင်းနှီးမြှပ်နှံမှအကြံပေးကုမ္ပဏီတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။
“ဆယ်စုနှစ်တခုကြာရရှိခဲ့တဲ့စီးပွားရေးတိုးတက်မှုတွေ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်အတွင်းမှာ အကုန်လုံးပြန်ဆုံးရှုံးသွားတာ”လို့သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်ကလည်းဆွစ်ဇာလန် အစားအသောက်ထုတ်လုပ်ရေးကုမ္ပဏီ Nestle ကမြန်မာနိုင်ငံမှာသူတို့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းပြီးနိုင်ငံအတွင်းမှ ထွက်ခွာတော့မယ်လို့ကုမ္ပဏီကထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နော်ဝေးတယ်လီကွန်းကုမ္ပဏီ Telenor၊ အမေရိကန်ရေနံကုမ္ပဏီစွမ်းအင်ကုမ္ပဏီ Chevron ၊ ပြင်သစ်ရေနံကုမ္ပဏီ Total၊ ဩစတြေးလျရေနံကုမ္ပဏီ Woodside စသည့် ကမ္ဘာကျော်ကုမ္ပဏီများ ပြည်တွင်းမှဆက်တိုက်ထွက်ခွာသွားခဲ့သည်။
















































