Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားငွေဖြင့်လုပ်ကိုင်​နေသည့်လုပ်ငန်းများ ကျပ်ငွေအစား နိုင်ငံခြားငွေဖြင့်သာအခွန်ဆောင်ရ​တော့မည်ဟုစစ်ကောင်စီဆို

စစ်​ကောင်စီသည်နိုင်ငံခြားငွေလိုအပ်ချက်မြင့်မား​နေသဖြင့် နိုင်ငံခြားငွေရပေါက်ရလမ်းအတွက် မျိုးစုံလုပ်ကိုင်​နေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

နိုင်ငံခြားငွေဖြင့်လုပ်ကိုင်​နေသည့်လုပ်ငန်းများ ကျပ်ငွေအစား နိုင်ငံခြားငွေဖြင့်သာအခွန်ဆောင်ရ​တော့မည်ဟုစစ်ကောင်စီဆို
FILE PHOTO - An employee checks U.S. dollar bank-notes at a bank in Hanoi, Vietnam August 12, 2015. REUTERS/Kham/File Photo

နိုင်ငံခြားငွေဖြင့်လုပ်ကိုင်​သောလုပ်ငန်းများအား အခွန်​ပေးဆောင်ရာတွင်လည်း ကျပ်ငွေအစား နိုင်ငံခြားငွေဖြင့်သာ အခွန်တိုက်ရိုက်ဆောင်ရန် စစ်ကောင်စီဗဟိုဘဏ်က ညွန့်ကြားလိုက်ပြန်သည်။

ယခင်ကနိုင်ငံခြားငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများကို အခွန်ဆောင်ရာတွင် နိုင်ငံခြားငွေမှ ကျပ်ငွေပြောင်းလဲပြီး အခွန်​ပေးဆောင်၍ရသော်လည်း ယခုအခါ နိုင်ငံခြားငွေဖြင့်သာ စစ်​ကောင်စီတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်ဘဏ်များကိုတိုက်ရိုက် ဘဏ်စာရင်းဖွင့်လှစ်၍ အခွန်ဆောင်ရမည်ဟု စစ်ကောင်စီက ကန့်သတ်လိုက်ခြင်းဖြစ်သည်။

စစ်​ကောင်စီသည်နိုင်ငံခြားငွေလိုအပ်ချက်မြင့်မား​နေသဖြင့် နိုင်ငံခြားငွေရပေါက်ရလမ်းအတွက် မျိုးစုံလုပ်ကိုင်​နေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

အခွန်ဆောင်မည့် နိုင်ငံခြားငွေကို ပုဂ္ဂလိကဘဏ်နှင့်နိုင်ငံခြားဘဏ်ခွဲများတွင် ကျပ်ငွေလဲလှယ်ခြင်းမပြုစေဘဲ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်ကိုသာ တိုက်လွှဲပြောင်းရမည်ဟုလည်းဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနမှ ရရှိသည့် နိုင်ငံခြားငွေများကိုလည်းစာရင်းတိုက်ရိုက်လွှဲပြောင်းပေးရမည်ဟု စစ်ကောင်စီကဆိုထားသည်။

နိုင်ငံတစ်ခု ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ​ဒေသခံ PDF ၊ပကဖ စ​​သော​တော်လှန်​ရေးအင်အားစုများ၏ခုခံတွန်းလှန်မှု​ကြောင့် စစ်​ကောင်စီသည် စစ်​ရေးအကြပ်​တွေ့​နေပြီး စစ်တိုက်ရန် လိုအပ်​သော လက်နက်ခဲယမ်းများ၊ ​လေယာဥ်အသုံးပြုတိုက်ခိုက်ရန်​လေယာဥ်ဆီများကို ပြည်ပမှ ဝယ်ယူနိုင်ရန်အတွက် နိုင်ငံခြား​ငွေအမြဲလိုအပ်​နေ​ကြောင်း စီးပွား​ရေးလုပ်ငန်းရှင်အချို့က​ပြောသည်။ထို့အပြင် ပြည်ပမှ ရင်းနှီးမြှပ်နှံမှုများထွက်ခွာသွားခြင်း ၊ကုန်သွယ်​ရေး​လျော့ကျခြင်း၊စစ်အာဏာသိမ်းမှု​ကြောင့် အထူးသဖြင့် ဒီမိုက​ရေစီလိုလား​သောနိုင်ငံများမှအကူအညီများမရ​တော့သဖြင့် စစ်အုပ်စုသည် ​ဒေါ်လာကိုရသမျှနည်းလမ်းအကုန်စုံး၍ရှာ​ဖွေ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။