Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်၍ ပြည်သူလေးဦး ထိမှန်ဒဏ်ရာရ

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)

▪️ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလေးဦး ထိမှန်ဒဏ်ရာရသွားကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ညောင်လေးပင်မြို့နယ်ဘက်ခြမ်း ပုဇွန်မြောင် ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များက ယမန်နေ့ (မတ်လ၈ ရက်)တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်ဘက်ခြမ်းရှိ သိုက်တူးကုန်း၊ ဝိုင်းနှင့် ကွင်းဒလကျေးရွာများသို့ ကျရောက်ပွဲကွဲခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ – CJ)

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့က စစ်တောင်းမြစ်အနောက်ဘက်ကမ်း ပုဇွန်မြောင်မှာ အသေထိုင်ပြီးတော့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကရွာတွေကို ရမ်းသမ်းပြီး လှမ်းလှမ်းထုတာ။ ရွာတွေထဲ သွားပစ်တာမျိုး မဟုတ်ဘူး။ ပုဇွန်မြောင်ဆိုတဲ့ မြစ်အနောက်ဘက်ခြမ်းရွာကနေ ရွှေကျင်ဘက် ကမ်းနားနဲ့နီးတဲ့ရွာတွေကို လှမ်းပစ်တာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိအခြေအနေတွင် ရွှေကျင်မြို့နယ် စစ်တောင်းမြစ် ကြောတလျှောက်မှ သိုက်တူးကုန်း၊ ဝိုင်း၊ ကွင်းဒလ၊ ညောင်ပင်ကြီး စသည့်ကျေးရွာများမှ ဒေသခံပြည်သူရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရာ နေသူမဲ့ ပြည်သူပိုင်အိမ်များကို စစ်ကောင်စီတပ်များက ဖောက်ထွင်းခိုးယူမှုများကျူးလွန်နေသည့်အပြင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းဒေသခံက ဆက် ပြောသည်။

အဆိုပါ ပုဇွန်မြောင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း ရွှေကျင်နှင့် ညောင်လေးပင်အစပ်မှ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု နှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး ​လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးထ်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။