Connect with us

Hi, what are you looking for?

သတင်း

မလေးရှားစူပါလိဂ်တွင်ဇော်မင်းထွန်းဂိုးသွင်းပြီးလက်သုံးချောင်ထောင်အောင်ပွဲခံ

ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။

ဓာတ်ပုံ - ပီနန်းအသင်း
ဓာတ်ပုံ - ပီနန်းအသင်း

မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းတွင်ကစားနေသည့် မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် ယမန်နေ့က ယှဥ်ပြိုင်သည့် မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်တွင် ဂိုးသွင်းယူအပြီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။

ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။

ယင်းပယ်နယ်တီ အဆုံးအဖြတ်၏ ပထမဆုံးပယ်နယ်တီကို ဇော်မင်းထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် ပီနန်းအသင်းက ခီဒအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဇော်မင်းထွန်းသည် လက်ရှိတွင် လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူကြောင်း ကြေညာထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ဇော်မင်းထွန်း အပါအဝင် မြန်မာ့လက်ရွေးစင် အသင်း၏ နာမည်ကြီး ကစားသမားများ ဖြစ်သည့် အောင်သူ၊ ကျော်ကိုကို၊ ကျော်ဇင်ထက် စသည့် စီနီယာကစားသမားအများစုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ရွေးစင်အဖြစ် ပါဝင်ကစားရန် ငြင်းပယ်ထားခဲ့ကြသည်။

အဓိက ကစားသမားအများစု မပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်းသည် စစ်အာဏာရှင် လက်အောက် ယှဥ်ပြိုင်ကစားသည့် နိုင်ငံတကာပွဲစဥ်တိုင်းတွင် ရှုံးနိမ့်ထားပြီး ဂျပန်အသင်းကို ၁၀ ဂိုး ဂိုးမရှိ၊ ကာဂျစ်စ္စတန် အသင်းကို ၈ ဂိုး ၁ ဂိုးတို့ဖြင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲများကိုလည်း ကြုံတွေ့ထားရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။