Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မလေးရှားစူပါလိဂ်တွင်ဇော်မင်းထွန်းဂိုးသွင်းပြီးလက်သုံးချောင်ထောင်အောင်ပွဲခံ

ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။

ဓာတ်ပုံ - ပီနန်းအသင်း
ဓာတ်ပုံ - ပီနန်းအသင်း

မလေးရှားစူပါလိဂ်ကလပ် ပီနန်းအသင်းတွင်ကစားနေသည့် မြန်မာနောက်ခံလူ ဇော်မင်းထွန်းသည် ယမန်နေ့က ယှဥ်ပြိုင်သည့် မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်တွင် ဂိုးသွင်းယူအပြီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည်။

ဇော်မင်းထွန်းပါဝင်သည့် ပီနန်းအသင်းနှင့် ခီဒအသင်းတို့သည် ယမန်နေ့က မလေးရှား FA Cup ရှုံးထွက်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ခဲ့ရာ အချိန်ပိုအပါအဝင် မိနစ် ၁၂၀အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။

ယင်းပယ်နယ်တီ အဆုံးအဖြတ်၏ ပထမဆုံးပယ်နယ်တီကို ဇော်မင်းထွန်းက တည်တည်ငြိမ်ငြိမ်ဖြင့် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် ပီနန်းအသင်းက ခီဒအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဇော်မင်းထွန်းသည် လက်ရှိတွင် လက်ရွေးစင် ကစားသမားအဖြစ်မှ အနားယူကြောင်း ကြေညာထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ဇော်မင်းထွန်း အပါအဝင် မြန်မာ့လက်ရွေးစင် အသင်း၏ နာမည်ကြီး ကစားသမားများ ဖြစ်သည့် အောင်သူ၊ ကျော်ကိုကို၊ ကျော်ဇင်ထက် စသည့် စီနီယာကစားသမားအများစုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ရွေးစင်အဖြစ် ပါဝင်ကစားရန် ငြင်းပယ်ထားခဲ့ကြသည်။

အဓိက ကစားသမားအများစု မပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်းသည် စစ်အာဏာရှင် လက်အောက် ယှဥ်ပြိုင်ကစားသည့် နိုင်ငံတကာပွဲစဥ်တိုင်းတွင် ရှုံးနိမ့်ထားပြီး ဂျပန်အသင်းကို ၁၀ ဂိုး ဂိုးမရှိ၊ ကာဂျစ်စ္စတန် အသင်းကို ၈ ဂိုး ၁ ဂိုးတို့ဖြင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးပွဲများကိုလည်း ကြုံတွေ့ထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ဆူလ်တန် အီဘရာဟင်ဟာ ပါဟန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆူလ်တန် အက်ဘ်ဒူလာ ဆူလ်တန် အာမက်ရှားဟ်ရဲ့ ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတကာ

မလေးရှားက လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကတော့ လေယာဉ် ပျက်ကျလာပြီး မီးလောင် ပေါက်ကွဲသွားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယို တော်တော်များများကို မျှဝေနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဆီလန်ဂါ ပြည်နယ်ထဲက မသူဇာမောင်ရဲ့ နေအိမ်တဝိုက်မှာ ရှိတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေနဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုကို ကိုးကားပြီး ဇူလိုင် ၄ ရက်တုန်းက မသူဇာမောင်တို့ မိသားစုလိုက် ပြန်ပေးဆွဲခံရတဲ့ အခြေအနေမျိုး ရှိနိုင်တယ်လို့ HRWက ယူဆထားပါတယ်။

နိုင်ငံတကာ

အသက် ၂၂ နှစ်အရွယ် ခရီးသွား ဧည့်သည် မိန်းကလေးဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်မသွားခင်က မယ်ဆိုင်ဒေသကို သွားရောက်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။