Connect with us

Hi, what are you looking for?

သတင်း

ပေါက် PDFတပ်ရင်း(၄) ကင်းစခန်း စစ်ကောင်စီတပ် တိုက်ခိုက်၊ လက်နက်ခဲယမ်းများ ဆုံးရှုံး

မတ်လ ၉ရက်တွင် မိုင်းကွင်းများပတ်ပြီးလာရောက်သည့် စစ်ကောင်စီတပ်သည် ပေါက်မြို့နယ် ညောင်ဝန်းမြောက်စုကျေးရွာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေါက် PDF တပ်ရင်း(၄) )
(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေါက် PDF တပ်ရင်း(၄) )

▪️ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ သက်ကြီးရွယ်အိုအမျိုးသမီး နှစ်ဦးသေဆုံး

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၄) ၏ ကင်းစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်း၊ကျည်များ သိမ်းဆည်းခံခဲ့ရကြောင်း ပေါက် PDF ပြန်ကြားရေးတာဝန်ခံ ကိုဖက်တီးက ပြောသည်။

မတ်လ ၉ရက်တွင် မိုင်းကွင်းများပတ်ပြီးလာရောက်သည့် စစ်ကောင်စီတပ်သည် ပေါက်မြို့နယ် ညောင်ဝန်းမြောက်စုကျေးရွာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီနေ့မှာ ရွာထဲကို လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်တဲ့အတွက် အမျိုးသမီး ပြည်သူနှစ်ဦး အသက် (၆၉) နှစ်အရွယ်နဲ့ (၇၉)နှစ်နှစ်ဦး ထိခိုက်ပြီး နေရာတွင်မှာပဲသေတာပါ။ ကျနော်တို့ စခန်းကို အလစ်အငိုက်ဝင်တိုက်တာ ။ ပြည်သူတွေကို လုံခြုံမှုပေးတဲ့ ကင်းစခန်းကို အဲဒီကောင်တွေ အလစ်အငိုက်ဝင်တိုက်တာ။ ဝင်တိုက်တဲ့အချိန်လက်နက်ကြီးတွေ တရစပ်ပစ်ဝင်တာ။ ကင်းရဲဘော်တွေလည်း ရရာပစ္စည်း ယူခဲ့ပြီး ပြေးခဲ့ရတာပေါ့။ ကျည်တွေကျန်တာ၊ ကျည်ဘောက်တွေကျန်တာ၊ လက်လုပသေနတ်တွေကျန်တာတို့ မိုင်းတွေအကုန်လုံး အဲဒီမှာထားတဲ့ မိုင်းတွေ မီးရှို့သွားတာပါ”ဟု ပေါက် PDF တပ်ရင်း(၄) ပြောရေးဆိုခွင့်ရှိသူ ကိုဖက်တီးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ထိုသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ညောင်ဝန်းမြောက်စု၊ညောင်ဝန်းတောင်စု၊ ရွာသာအေး၊ဝက်မှီးကျေးရွာများသို့ လက်နက်ကြီး ကျရောက်ခဲ့ပြီး ရွာပေါင်း ၁၀ရွာမှ ဒေသခံ လူဦးရေ ၅,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သက်ကြီးရွယ်အိုများဖြစ်သည့် ဒေါ်သောင်းရင်နှင့် ဒေါ်ထွေးတို့ သေဆုံးခဲ့ရပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု ပေါက် PDF တပ်ရင်း(၄)က ထုတ်ပြန်သည်။ ဒဏ်ရာရသူ ငါးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရသည်ဟုလည်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေါက် PDF တပ်ရင်း(၄) )
(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပေါက် PDF တပ်ရင်း(၄) )

စစ်ကောင်စီတပ်က PDF တပ်ဖွဲ့၏ ပစ္စည်းများကို မီးရှို့သွားရာ ၇ ဒဿမ ၆၂ကျည် ၁၀၀ခန့်၊AKကျည် ၁၅၀ခန့်၊၅ဒဿမ ၅၆ကျည် ၂၀၀ခန့်၊ လက်လုပ်သေနတ် ၅လက် ၊ဖုန်းတစ်လုံး၊ ကျည်ဘောက်တစ်ခု၊ မိုင်းများ၊ လက်နက်ကြီးအဖူးများ သိမ်းဆည်းခံရပြီး သိန်းပေါင်း ၁၅၀ ခန့်ဆုံးရှုံးခဲ့သည်ဟု ပေါက် PDF တပ်ရင်း(၄)က ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေါက် PDF တပ်ရင်း(၄) )
(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ပေါက် PDF တပ်ရင်း(၄) )

“ပြည်သူတွေရဲ့ ယုံကြည်မှုပြန်လည်ရယူဖို့ အတွက် ကျွန်တော်တို့ ဆက်လက်ပြီးကြိုးစားရမှာတွေရှိတယ်။ အဲဒီအတွက် အဓိက လိုအပ်နေတာကတော့ ငွေပေါ့ဗျာ။ အဲဒါလေးတွေ ထောက်ပံ့ပေးစေချင်တာပါ”ဟု PDF Pauk တပ်ရင်း(၄)ပြောရေးဆိုခွင့်ရှိသူ ကိုဖက်တီးက ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီစစ်ကြောင်းက ဒေသတွင်း၌ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေပြီး ဒေသခံ ပြည်သူအချို့ဖမ်းဆီးခံထားရသည်ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။