Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တွင် ပျူရွာဖြစ်သွား၍ထွက်ပြေးလာသော ပြည်သူများအား PDFအဖွဲ့များ ကူညီပေး

အဆိုပါ စစ်ဘေးရှောင်စောင့်ရှောက်မှုများအား သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F)နှင့် တိုက်မောင်း LPDF မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား ထောက်ပံ့မှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ - Oak Awe UG)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား ထောက်ပံ့မှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ - Oak Awe UG)

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ပျူစောထီးကျေးရွာအဖြစ် အသွင်ပြောင်းလိုက်၍ မနေလိုသောကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူ ၈၀၀ကျော်ကို ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း Oak Awe UG Group ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ပျူစောထီးကျေးရွာမှ PDFထိန်းချုပ်ထားသည့် နယ်မြေဘက်ကို စစ်ဘေးရှောင်လာသည့်အိမ်ထောင်စု ၁၉၇စု၊ လူဦးရေ ၈၂၃ဦးအား ကိုရီးယားနိုင်ငံမှ ကျပ် ၁၀သိန်း၊ စလေမြို့မှ ပုဂ္ဂိုလ်တစ်ဦးက ကျပ် ၇ သိန်း၊ CRPH နော်ဝေက ၁၅ သိန်းကျပ်၊ စုစုပေါင်း ၃၂ သိန်းကျပ် လှူဒါန်းပေးခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နေ့(မတ်လ၅ ရက်)က အိမ်ထောင်စုတစ်စုလျှင် တစ်သောင်းကျပ်နှုန်း၊ အများပြည်သူလှူဒါန်းသည့် ​ကြက်သွန်များအား တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်း လှူဒါန်းပေးခဲ့ကြောင်း Oak Awe UG Group ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ကျေးရွာကြီးက စကစရဲ့လက်ဦးမှုရယူသွားတော့ ပျူစောထီးရွာဖြစ်သွားတယ်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။သူတို့ကိုယ်တိုင်လည်း ပျူသင်တန်းတက်ခဲ့ရတယ်။ လက်နက်ကိုင်ခဲ့ရတယ်ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ကျွန်တော်တို့ PDF တွေကိုကြောက်နေရတယ်။ နောက်စကစတွေကိုလည်း ကြောက်ရတယ်လို့ဝန်ခံတယ်။”ဟု Oak Awe UG Group ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့တပ်ကို လာရောက်ကူးပြောင်းလာတဲ့နေရာမှာ စိတ်ရင်းအမှန်နဲ့နေထိုင်ပေးကြဖို့၊ လိုအပ်တဲ့အကူအညီတွေကို အဆင့်ဆင့်တင်ပြပေးဖို့၊ ဒလန်တွေသူသျှိုတွေက ပါကောင်းပါနိုင်ပါလိမ့်မယ်။ ဒလန်သူသျှိုလုပ်မယ်ဆိုရင်တော့ မသိရင်တော့ကိစ္စမရှိဘူး။ သိသွားရင်တော့ သူတို့တွေအတွက် လုပ်ရိုးလုပ်စဥ်အတိုင်း ဆောင်ရွက်သွားမှာပါ။”ဟု အထက်ပါတာဝန်ခံက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား ထောက်ပံ့မှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ - Oak Awe UG)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား ထောက်ပံ့မှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ – Oak Awe UG)

အဆိုပါ စစ်ဘေးရှောင်စောင့်ရှောက်မှုများအား သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး(B.H.S.R.F)နှင့် တိုက်မောင်း LPDF မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်