Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ငွေတောင်းကြမ်းနေသည့် လဝကဦးစီးမှူး အသတ်ခံရ

ဦးမြင့်လွင်သည် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့(မတ်လ ၁၂ရက်) နေ့လယ် ၂နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

(ဦးစီးမှူး ဦးမြင့်လွင်အား တွေ့ရစဉ်)
(ဦးစီးမှူး ဦးမြင့်လွင်အား တွေ့ရစဉ်)

ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)ဦးစီးမှူး ဦးမြင့်လွင် ယမန်နေ့ ညနေက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဦးမြင့်လွင်သည် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့(မတ်လ ၁၂ရက်) နေ့လယ် ၂နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

“မော်ဝမ်းရပ်ကွက်က ဝန်ထမ်းအိပ်ရာမှာ ပစ်သတ်သွားတာ။ ဘယ်သူတွေက ပစ်လဲတော့ မသိဘူး။ အဲ့ဒီ စခ(စစ်ကောင်စီ)ထောက်တိုင်ကတော့ သေသွားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဦးမြင့်လွင်သည် အသက် (၅၅)နှစ်အရွယ်ရှိပြီး စစ်ကောင်စီက ပြုလုပ်မည်ဆိုသော ရွေးကောက် ပွဲမဲစာရင်းအတွက် အဓိက အလုပ်လုပ်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ထို့အပြင် မှတ်ပုံတင်ပြုလုပ်ပေးရာတွင်လည်း အမြန်ကြေးဟုဆိုကာ ‌ငွေကြေးအဆမတန်တောင်းယူနေသူဖြစ်ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက လက်နက်အားကိုးနဲ့ အရပ်သားတွေကို ဖမ်းတယ်။ ဒါကြောင့် စစ်ကောင်စီဒလန်တွေလည်း လုံခြုံမယ်မထင်နဲ့။ အိမ်ထဲနေလည်း မလုံခြုံဘူး။ရုံးမှာနေလည်း မလုံခြုံဘူး။ တနေ့ အသတ်ခံရမှာကို ယုံတယ်”ဟု စစ်ကောင်စီကိုလက်မခံသည့် ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်သည်ဖားကန့်ဒေသခံများကို အကြမ်းဖက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းသည် သတင်းပေးများက အဓိကနေရာမှပါဝင်နေသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ သတင်းပေးများကို ဦးတည်ရှင်းလင်းပေးရန်လည်း ဒေသခံများက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။