Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင် အရပ်ဝတ် အိမ်စီးကားဖြင့် လူငယ်များလိုက်လံဖမ်းဆီးနေသည့် ထလရ(၁၆) ကင်းတဲ လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

“ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

(မန္တလေးမှာ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ)
(မန္တလေးမှာ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ)

မန္တလေးမြို့တွင် အရပ်ဝတ်ဝတ်ဆင်ကာ အိမ်စီးကားဖြင့်လှည့်လည်ကာ လူငယ်များ လိုက်လံဖမ်းဆီးနေသည့် စစ်ကောင်စီ​၏ ထလရ(၁၆)ကင်းတဲဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး(AST-MDY)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

မတ်လ ၁၄ ရက် နေ့လည် ၂ နာရီကျော်တွင် အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗုံးပစ် သည့်အချိန်တွင် ကင်းတဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးရှိကြောင်း ၎င်းက ဆိုသည်။

တိုက်ခိုက်မှုကြောင့် ဂိတ်အမိုးပွင့်ထွက်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေနတ်ဖြင့် ၁၀ချက်ခန့် ပစ်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းစွာဖြင့် ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

“စကစနှင့် သက်ဆိုင်သည့် မည်သည့်နေရာမဆို ကျွန်ုပ်တို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော် များမှ စစ်ဆင်ရေးပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်သည်။” ဟု AST-MDY ကသတိပေးထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။