Connect with us

Hi, what are you looking for?

သတင်း

တပ်သားသစ်စာရင်းသွင်းဖို့ ပြင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

သာကေတမြို့နယ် ၊ ၉ ရပ်ကွက် ၊ ခရိုင် မီးသတ်ရုံးဘေးလမ်းက မိတ္တူဆိုင်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး အရပ်ဝတ်နဲ့ မိတ္တူ ကူးနေချိန်အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်သွားတာလို့ စစ်ကောင်စီရဲ့သတင်းမှာတွေ့ရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာ
ပစ်ခတ်မှုဖြစ်ပွားရာနေရာ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၉ ရပ်ကွက်မှာ ဒီနေ့နေ့လယ်ပိုင်း က ရဲတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ မိတ္တူ ကူးနေချိန် ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်က ဆိုလာပါတယ်။

ဒီနေ့ နေ့လယ်ပိုင်း ၁၂ နာရီ ၅ မိနစ်ခန့်က ပစ်ခတ်မှုဖြစ်ပွားတာပါ။

သာကေတမြို့နယ် ၊ ၉ ရပ်ကွက် ၊ ခရိုင် မီးသတ်ရုံးဘေးလမ်းက မိတ္တူဆိုင်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး အရပ်ဝတ်နဲ့ မိတ္တူ ကူးနေချိန်အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်သွားတာလို့ စစ်ကောင်စီရဲ့သတင်းမှာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

သာကေတရဲစခန်းက ရဲတပ်ကြပ် စောလေးဖော ၊ ရဲတပ်ကြပ် စိုးဝင်းနိုင် တို့ ဟာ ကို အောင်ထက်ဆိုတဲ့အမျိုးသားကို ရဲတပ်သားသစ်စာရင်းသွင်းဖို့ မိတ္တူဆိုင်မှာ စာရွက်စာတမ်း ပြင်နေချိန် ပစ်ခတ်ခံရတာပါ။

Public Service Announcement

Public Service Announcement

၃ ဦးလုံး ဦးခေါင်းကို ပစ်ခံရတာဖြစ်ပြီး ရဲတပ်ကြပ်စောလေးဖောနဲ့ ကိုအောင်ထက်တို့ဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ရဲတပ်ကြပ် စိုးဝင်းနိုင်လည်းအခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ သာကေတမြို့နယ်က နေရာအချို့ကို ပိတ်ဆို့စစ်ဆေးတာတွေ စစ်ကောင်စီတပ်က လုပ်ခဲ့တယ်လို့ သာကေတမြို့နယ်မှာနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ဒီပစ်ခတ်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ် ၁ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။