ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ် နယ်မြေရှိ ဂျေယန်းစစ်ရှောင်စခန်းမီးလောင်မှု ဖြစ်ပွားခဲ့၍ စစ်ရှောင်များ မီးဘေးသင့်ခဲ့ရကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့တွင် အသိပေးဖော်ပြသည်။

KIOဌာနချုပ် လိုင်ဇာနှင့် မိုင်အနည်းငယ်သာကွာသည့် ဂျေယန်းစစ်ရှောင်စခန်း၌ မတ်လ ၁၉ရက် မွန်းလွဲ ၃နာရီ ၃၅ မိနစ်က မီးလောင်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။


အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စု ၃၇ခုမှ လူဦးရေ ၁၇၈ ဦး မီးဘေးသင့်ခဲ့ကြရကြောင်း ဖော်ပြထားသည်။

ဂျေယန်းစစ်ရှောင်စခန်းသည် KIAနှင့် စစ်ကောင်စီတပ်တို့ ၂၀၁၁က တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက်ပေါ်ပေါက်လာသည့် စစ်ရှောင်စခန်းဖြစ်သည်။

Public Service Announcement


















































