Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်း PPDF-KD၏ ဒရုန်းတပ်နှင့်တိုက်ခိုက်ရေးတပ်များအတွက် တပ်ဖွဲ့ဝင်သစ် ခေါ်ယူ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် လက်တွဲတိုက်ပွဲဝင်နေခြင်းဖြစ်သည်။

(ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်(PPDF-KD)မှ ရဲဘော်နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - PPDF- KD)
(ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်(PPDF-KD)မှ ရဲဘော်နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - PPDF- KD)

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါမ်(PPDF-KD)က တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူနေကြောင်း ယနေ့ ထုတ်ပြန်အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီးစစ်အာဏာရှင်တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၏ နိုင်ငံရေး ဦးဆောင်မှုအောက်၌ ရှိသော PPDF-KD ပအိုဝ်းတပ်ဖွဲ့သည် သထုံနှင့် ဘားအံဒေသ၌ တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် လက်တွဲတိုက်ပွဲဝင်နေခြင်းဖြစ်သည်။

ယခု တပ်ဖွဲ့ဝင်အသစ်များခေါ်ယူခြင်းသည် PPDF-KD၏ ဒရုန်းယူနစ်နှင့် တိုက်ခိုက်ရေးတပ်ခွဲများအတွက် ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တပ်ဖွဲ့ဝင်အသစ်အဖြစ်ဝင်ရောက်လိုသူများအနေနှင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ၏ Facebook Page စာမျက်နှာမှတဆင့် ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်သည်။

ပအိုဝ်းလူမျိုးများဖြစ်စေ၊ အခြားမည်သည့် လူမျိုးများဖြစ်စေ အသက်(၁၈)နှစ်ပြည့်ပြီး အခြေခံကျန်းမာရေးကောင်းမွန်သူ မည်သူမဆို အဖွဲ့ဝင်သစ်အဖြစ် ပါဝင်နိုင်ကြောင်း၊ PPDF-KD၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ မူဝါဒလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာရမည်ဖြစ်ပြီးတပ်ဖွဲ့ဝင်တစ်ဦး၏သတ်မှတ်ပေးထားသော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသားအရေးကို အလေးထားဆောင်ရွက်လိုသူဖြစ်ရမည်ဟုလည်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) က ထုတ်ပြန်သည်။

PNFC၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် PPDF-KD အဖွဲ့အပြင် ရှမ်း – ကရင်နီနယ်စပ် စစ်ဒေသ၌ လှုပ်ရှားတိုက်ပွဲဝင်နေသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်-ခမ်းကောင် (PNDF-KK)တပ်ဖွဲ့လည်းရှိပြီး ကရင်နီ-ရှမ်း ဒေသကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။