Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီနှင့် ရှမ်းတောင်တိုက်ပွဲ ၅ရက်အတွင်း တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် ၉၀နီးပါးသေဟု NUG ကာကွယ်ရေးထုတ်ပြန်

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF၊CJ)
(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF၊CJ)

စစ်ကောင်စီတပ်သား ၆ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိဟု အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသသို့ ကျူးကျော်ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံတပ်ရင်းများ၊အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံတပ်ရင်းများ၊ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ တပ်ရင်းများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများစသည့် တပ်ရင်းအများအပြားဖြင့် အင်အားသုံးဝင်ရောက်လာခြင်းအပေါ် ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ ဒေသခံ PDFများ က မတ်လ ၈ရက်မှ ၁၂ရက်အတွင်း ခုခံတိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကိုဖော်ပြခဲ့ခြင်း ဖြစ်သည်။

(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF၊CJ)
(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ – KNDF၊CJ)

ထိုသို့တိုက်ခိုက်မှုကြောင့် ၅ရက်တာအတွင်း စစ်ကောင်စီတပ်မှ ယာယီတပ်ရင်းမှူး အပါအဝင် ၈၈ဦး သေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရခဲ့ကြောင်း၊ စစ်သုံ့ပမ်း ၆ဦး အရှင်ဖမ်းမိပြီး ရန်သူ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ကျည်များသိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

တိုက်ပွဲများမှာ ဖယ်ခုံမြို့နယ်၊ ခေါင်းအိနှင့် ရွှေပြည်အေးရွာ အနီး၌လည်းကောင်း၊ ဖရူဆိုမြို့နယ် မူဆိုရွာ အနီး၊ ပင်လောင်းမြို့နယ် လုံးပြင်ရွာနှင့် တောင်မဲသင်းရွာ၊ ပင်ပုံရွာ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း ဆင်ဖြူရွာအနီး၊ ဖယ်ခုံမြို့နယ် လွယ်ပေါတောင်၊ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်း ဒေသတို့၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်က PNO ပြည်သူ့စစ်အဖွဲ့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အချို့ရှိကြောင်းလည်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

မတ်လ ၁၁ရက်က ဖယ်ခုံ အရှေ့ဘက်ကမ်း ဆင်ဖြူရွာအရှေ့ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခမရ(၄၂၃)တပ်မှ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လင်းလင်းထွန်းအပါအဝင် ၂၉ဦးသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၁လက် နှင့်ခဲယမ်းများရရှိကာ စစ်ကြောင်းမှူး အပါအဝင် စစ်သုံ့ပန်း ၅ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု ထုတ်ပြန်ထားသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF၊CJ)
(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ – KNDF၊CJ)

လွယ်ပေါတောင် စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ရာတွင်လည်း ရန်သူဘက်က ၂၀ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ် တိုက်လေယာဉ်တို့ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မတ်လ ၁၁ရက်တွင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ် နမ်းနိန်ရွာသို့ ဝင်ရောက်ပြီး ပြည်သူလူထုနေအိမ်များကို မီးရှို့ခဲ့သည်ဟုဖော်ပြသည်။နမ်းနိန်ရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် စစ်ရှောင်နေသည့် သံဃာ ၃ပါးနှင့် အမျိုးသမီး တစ်ဦး အပါအရပ်သား ၂၂ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ကရင်နီနှင့် ပအိုဝ်းအဖွဲ့အစည်းများက သက်သေများနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF၊CJ)
(ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသတိုက်ပွဲများတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ – KNDF၊CJ)

“ကျနော်တို့ အမြင်ကတော့ သူတို့က ပြီးခဲ့တဲ့ ၁၆ရက်ကလား စိုးဝင်း( စစ်ကောင်စီ ဒုခေါင်းဆောင်)လည်း လွိုင်ကော်လာသွားတယ်။ သူတို့က ကျနော်တို့ ကရင်နီပြည်နယ်ကို ခုခံအားကောင်းတဲ့ဒေသ ဖြစ်တော့ ပအိုဝ်းနဲ့ ရန်တိုက်ပေးသွားတာပေါ့ ။ လူမျိုးရေးဘာသာရေးလည်း သူတို့ သွေးခွဲတယ်။ ကျနော်တို့ ဒုစစ်ဦးစီးချုပ်လည်းစာရေးထားတာပဲ။ရန်သူက သူတို့အလုပ် သူတို့လုပ်တာ ကျနော်တို့ကလည်း ကျနော်တို့ အလုပ် ပြန်လုပ်ရမှာပဲ။ သူတို့ ထိုးစစ်ဆင်လာရင် ကျနော်တို့ကလည်း ခံစစ်အနေနဲ့ တိုက်ရမှာပဲ။ အဲဒီလိုမျိုးပြောလိုပါတယ်”ဟု ခူညေးရယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။