Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏နမ်းနိန်ရွာသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြည်တွင်းပြည်ပ ကရင်နီ အရပ်ဘက်အဖွဲ့များ ပူးတွဲကြေညာ

မတ်လ ၁၁ရက်က နမ်းနိန်ရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာ ၃ပါး၊ အမျိုးသမီး ၁ဦး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က လူသားမဆန်စွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် ကရင်နီအဖွဲ့အစည်း ၁၃ဖွဲ့ကမတ်လ ၂၀ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)

▪︎အကြမ်းဖက်စစ်အုပ်စုဖန်တီးသည့်ပဋိပက္ခ ထောက်ချောက်များအတွင်း မဝင်မိစေရန် သတိပေး

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ်းနိန်ရွာအတွင်း အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်တွင်းပြည်ပ ကရင်နီအရပ်ဘက် အဖွဲ့အစည်းများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

မတ်လ ၁၁ရက်က နမ်းနိန်ရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာ ၃ပါး၊ အမျိုးသမီး ၁ဦး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က လူသားမဆန်စွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် ကရင်နီအဖွဲ့အစည်း ၁၃ဖွဲ့ကမတ်လ ၂၀ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)
(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)

စစ်ကောင်စီ၏ လုပ်ရပ်သည် လူမျိုးရေး ဘာသာရေး၊ နယ်မြေဒေသ ပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်နေပြီး ကရင်နီပြည်အတွင်း နှင့် အခြားသော တိုင်းရင်းသားညီနောင်များ အနေဖြင့် အကြမ်းဖက် စစ်အုပ်စု ဖန်တီးသော ပဋိပက္ခ ထောင်ချောက်များအတွင်းမဝင်ရောက်မိစေရန် အထူးသတိထားရန်လိုအပ်သည်ဟု သတိပေးထားသည်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ကရင်နီပြည်၊ ရှမ်းပြည်နှင့် မြန်မာနိုင်ငံတဝှမ်းတွင် ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများ နှင့် ပတ်သက်ပြီး တရားမျှတမှု ရရှိသည်အထိ အခြားသော ညီနောင်သွေးချင်းများနှင့်အတူ အစဉ်တစိုက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ပြည်တွင်းပြည်ပ ကရင်နီ အဖွဲ့များက ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)
(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)

ပြည်တွင်း ပြည်ပ ကရင်နီ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် လူသားဖြစ်တည်မှုနှင့် လူ့အခွင့်အရေးကို အထူးအလေးထားကာ မြန်မာနိုင်ငံတဝန်း၌ တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲ အကြပ်အတည်းများ နှင့်ပတ်သက်ပြီး လူထုများနှင့်အတူ တသားတည်း ရပ်တည်လျက်ရှိကြောင်း လည်းအသိ​ပေးထားသည်။

(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)
(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)

အဆိုပါ သတ်ဖြတ်မှု ဖြစ်စဉ်အပေါ် ဘက်လိုက်မှု ကင်းစွာ သုံးသပ်ရပ်တည်ပေးခဲ့သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ၏ မတ်လ ၁၄ရက် ကြေညာချက် အပေါ် ကြိုဆိုကြောင်းနှင့် ကျေးဇူးတင်ကြောင်းပါရှိသည်။

(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)
(စစ်​ကောင်စီတပ်၏ နမ်းနိန်ရွာ လူအစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ပြီး​​​နောက် စစ်တပ်ကျူးလွန်​ကြောင်းသက်​သေခံပစ္စည်းအချို့ ။ဓါတ်ပုံ-PNDF-KK)

PNFC၏ မတ်လ ၁၄ရက် ကြေညာချက်တွင်လူမျိုးရေးပဋိပက္ခ နှင့် ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော် သပ်လျှို ဖြိုခွဲနေသော စစ်ကောင်စီ၏ လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။ ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများသည် လူမျိုးရေး ၊ ဘာသာရေးနှင့် လုံး၀ သက်ဆိုင်ခြင်းမရှိကြောင်း၊ နယ်မြေဒေသဆိုင်ရာ ကိစ္စလည်းမဟုတ်ကြောင်း PNFCက အသိပေးခဲ့ပြီး ပြည်သူကို ရန်သူသတ်မှတ်၍ စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ကျင့်သုံးသတ်ဖြတ်နေသည့် စစ်အာဏာရှင်မျာနှင့် စစ်အာဏာရှင်စနစ်ဆိုးကို လက်မခံကြတော့သည့် ဗမာအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူများအကြား တော်လှန်တိုက်ပွဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့